တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းသတ်မှတ်ခံရ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ပေါင် ၁၇၆ သန်းနဲ့ သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

CIES Football Observatory ကထုတ်ပြန်တဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းမှာ ကိန်းက ထိပ်ဆုံးက ရှိနေတာဖြစ်ပါတယ်။ ဒီစာရင်းအတွက် ကစားသမား တစ်ဦးခြင်းစီရဲ့ စွမ်းဆောင်ရည်၊ အလားအလာ၊ အသက်အရွယ်စတာတွေကို အခြေခံပြီး တွက်ချက်ထားတာပါ။

ဂရစ်ဇမန်းကိုချဉ်းကပ်ခဲ့မှုနဲ့ ဘာစီလိုနာအသင်း ကစားသမားသစ်ခေါ်ယူမှု ပိတ်ပင်ခံရဖွယ်ရှိနေ

ဘာစီလိုနာအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကို တရားမ၀င်ချဉ်းကပ်ခဲ့မှုနဲ့ ပြောင်းအရွှေ့ ဈေးကွက် ၃ ခုဒါမှမဟုတ် ၅ ခုအထိပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဂရစ်ဇ်မန်း၊ သူ့အေးဂျင့်တို့နဲ့တွေ့ဆုံခဲ့တယ်လို့ မကြာသေးခင်က ဖွင့်ဟသွားပါတယ်။

ဖီဖာရဲ့စမည်းမျဉ်းအရ ကစားသမားတစ်ဦးကို စာချုပ်သက်တမ်းကုန်ရင် ဒါမှမဟုတ်စာချုပ် ၆ လကျန်တော့မှသာ အခြားကလပ်တစ်ခုက ဆွေးနွေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

နာမည်ကြီးနွားရိုင်းသတ်သူကို ဘော်ဒီဂတ်အဖြစ် စီရော်နယ်ဒိုငှားရမ်း

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ နာမည်ကြီးနွားရိုင်းသတ်သူတစ်ဦးဖြစ်တဲ့ နူနိုမာရီကို့စ်ဆိုတဲ့ သူကို ကမ္ဘာ့ဖလားမှာ သူ့ရဲ့လုံခြုံရေးအတွက် ဘောဒီဂတ်အဖြစ်ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကို အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ISIS ကကမ္ဘာ့ဖလားမှာ ခေါင်းဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တန်ဝက်လောက်အလေးချိန်ရှိတဲ့ နွားရိုင်းတွေနဲ့ သတ်ပုတ်နေကြဖြစ်တဲ့ နူနိုဟာ လေထီးတပ်သားဟောင်း တစ်ဦး ဖြစ်သလို MMA တိုက်ခိုက်ရေးသမားတစ်ဦးလည်းဖြစ်ခဲ့ဖူးပါတယ်။

နေမာနှင့်မက်ဆီ တစ်ဂိုးသွင်းတိုင်း ကျောင်းသားတစ်သောင်းကို နေ့လယ်စာလှူဒါန်းမည့်အစီအစဉ် ဘရာဇီးနည်းပြ ဝေဖန်

ဘရာဇီးတိုက်စစ်မှူး နေမာ (သို့မဟုတ်) အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ သွင်းဂိုးတစ်ဂိုးတိုင်း ကျောင်းသားဦး ရေ ၁၀,၀၀၀ အတွက် နေ့လယ်စာ လှူဒါန်းမည်ဟု ကြေညာခဲ့သည့် အမေရိကန် ကုမ္ပဏီ Mastercard ၏ အစီအစဉ်ကို ဘရာဇီးနည်းပြ တိုက်က ဝေဖန်ခဲ့ပြီး ယင်းသည်အသင်းလိုက် ကစားရသော အားကစားနည်းတွင် အထောက်အကူမဖြစ်ဟု ဆိုသည်။

ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်တွင် ဇီဗီယက်နှင့် သီယန် ထိပ်တိုက်တွေ့

နိုင်ခြေအဆင့်(၂) သတ်မှတ်ခံရသူ အလက်ဇန်းဒါးဇီဗီယက်သည် ၎င်း၏ ပထမဆုံး ဂရင်းဆလမ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ခက်ခက်ခဲခဲ တက်ရောက်ခဲ့သည်။ ဂျာမန်တင်းနစ်သမားသည် ကာ ရန်ကာချာနော့ဗ်ကို ၄-၆၊ ၇-၅ (၄)၊ ၂-၆၊ ၆-၃၊ ၆-၃ ဖြင့် ပွဲ ငယ်ငါးပွဲ ကစားပြီးမှ အနိုင်ရခဲ့ပြီး ယင်းမှာ ၎င်း၏ တတိယမြောက် ပွဲငယ်ငါးပွဲ ကစားရခြင်းလည်း ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်ရန် အာစင်ဝင်းဂါး အလားအလာအရှိဆုံးဟု လောင်းကစားကုမ္ပဏီများ သတ်မှတ်

အာစင်ဝင်းဂါးက ရေပန်အစားဆုံး နည်းပြဖြစ်ပါတယ်။

ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းနေရာမှာ အစားထိုးဖို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဖြစ်နိုင်ချေအရှိဆုံး နည်းပြဖြစ်တယ်လို့ လောင်းကစားကုမ္ပဏီတွေက ခန့်မှန်းထားပါတယ်။

ဗီဇာလျှောက်ထားမှုအခက်တွေ့ရပြီးနောက် ချဲလ်ဆီးရဲ့ကွင်းသစ်စီမံကိန်းကို အေဘရာမိုဗစ်ရပ်ဆိုင်း

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ဗြိတိန်းပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုမှာ အခက်အခဲတွေ ကြုံခဲ့ရပြီးနောက် ကလပ်ရဲ့ကွင်းသစ်စီမံကိန်းကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

မစ္စတာမိုဗစ်ဟာ ဒီတစ်ပတ်အစောပိုင်းက အစ္စရေးနိုင်ငံသားခံယူခဲ့ပေမယ့် သူ့ရဲ့ဗီဇာလျှောက်ထားမှုကို ဗြိတိန်ဘက်က ခွင့်ပြုပေးခြင်း မရှိသေးပါဘူး။ သူဟာအစ္စရေးနိုင်ငံသား တစ်ဦးအဖြစ် ဗြိတိန်မှာ ဗီဇာ
မလိုဘဲ ၆ လနေထိုင်ခွင့်ရှိမှာ ဖြစ်ပေမယ့် အလုပ်လုပ်ခွင့်အတွက်တော့ ဗီဇာလိုအပ်လို့ ချဲလ်ဆီးအသင်း ပိုင်ရှင်အဖြစ် တရားဝင်တာဝန်ယူလို့ ရမှာမဟုတ်ပါဘူး။

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းတွင် တိုက်စစ်မှူးအောင်သူပါဝင်မည်

Goal.com က ထိုင်းလိဂ်တစ်ပတ်တာအကောင်းဆုံးကစားသမားအဖြစ် အောင်သူကိုရွေးချယ်(ဓာတ်ပုံ – Police Tero)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ ဘောလုံးအသင်းတွင် ထိုင်းလိဂ်၌ကစားနေသော တိုက်စစ်မှူး အောင်သူ ပါဝင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း က ပြောသည်။

နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

World Lethwei Championship KNOCKOUT WAR ဆိုတဲ့အမည်နဲ့ နိုင်ငံတကာအဆင့်မီ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ရုံမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲအတွက် ပွဲကြိုမိတ်ဆက်အခမ်းအနားကို မေ ၂၇ ရက်နေ့က ဂျန်းရှင်းမော်တင်မှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ ဆော်ဒီကွင်းလယ်ဒိုင် ထုတ်ပယ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆော်ဒီ ကွင်းလယ်ဒိုင် ဖာဟတ်အယ်လ်မီဒါဆီကို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ထားရာမှာ ယခုအခါ ပြန်လည်ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

အကြောင်းကတော့ အဆိုပါ ကွင်းလယ်ဒိုင်မှာ ၎င်းရဲ့နိုင်ငံတွင်း ပွဲစဉ်များကို ကိုင်တွယ်စဉ် လုပ်ပွဲအရှုပ်တော်ပုံများ ဆောင်ရွက်ခဲ့တယ်လို့ သ တင်းထွက်ပေါ်လာတာကြောင့်လို့ သိရပါတယ်။