
ပီလီ၏အလွတ်တည်ကန်ဘောစံချိန်ကို လိုက်မီနိုင်ရန် အင်တာမိုင်ယာမီအသင်း တိုက်စစ်ကစားသမား မက်ဆီ နှစ်ကြိမ်သာလိုအပ်
=====================
အင်တာမိုင်ယာမီအသင်း ဝါရင့်တိုက်စစ်ကစားသမား မက်ဆီ ဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အင်တာမိုင်ယာမီနဲ့ ပေါ်တိုအသင်းတို့ပွဲစဉ်မှာ အလွတ်တည် ကန်ဘောမှတစ်ဆင့် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဘောလုံးလောကတွင် အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းဂိုးအများဆုံး ကစားသမားစာရင်း တွင် ပီလီ ရဲ့စံချိန်ကို လိုက်မီနိုင်ရန် နှစ်ကြိမ်သာလိုအပ်ကြောင်း သိရပါတယ်။









