
ရှန်ဟိုင်းမာစတာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်
==================
ဆားဘီးယားတင်းနစ်သမား နိုဗက် ဂျိုကိုဗစ် ဟာ မကြာခင်မှာကျင်းပမယ့် ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဂျိုကိုဗစ် ဟာ စက်တင်ဘာလ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်မှာ အယ်ကာရက်ဇ် ကို ရှုံးနိမ့်ပြီးနောက်ပိုင်း အနားယူနေခဲ့တာဖြစ်ပြီး ရှန်ဟိုင်း မာစတာပြိုင်ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။









