ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ မတ်(၂)ရက်က ကျင်းပပြီးစီးသွားတဲ့ ဒူဘိုင်း ဂျူတီဖရီး ချန်ပီယံရှစ်မှာ အကြိမ်(၁၀၀)မြောက် အေတီပီချန်ပီယံဆုကို ရလိုက်တဲ့အတွက် ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာရဲ့ ကမ္ဘာ့အဆင့်ဟာလည်း အဆင့်(၃)ဆင့် မြင့်တက်သွားပါတယ်။
ဒီပွဲမတိုင်ခင်က ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ ဖက်ဒရာဟာ မတ်(၄)ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ရမှတ်(၄၆၀၀)နဲ့ အဆင့်(၄)ကို ရောက်လာခဲ့တာပါ။ ဂရင်းစလမ်ချန်ပီယံဆုအခု(၂၀)ရထားတဲ့ ဖက်ဒရာအနေနဲ့ ဒူဘိုင်းပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။