
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကင်ညာနိုင်ငံ၌ ကျင်းပမည့် Kenya International 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ရန် ဖေဖော်ဝါရီ ၂၄ ရက်က ယူဂန္ဓာနိုင်ငံမှ ကင်ညာနိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကင်ညာနိုင်ငံ၌ ကျင်းပမည့် Kenya International 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ရန် ဖေဖော်ဝါရီ ၂၄ ရက်က ယူဂန္ဓာနိုင်ငံမှ ကင်ညာနိုင်ငံသို့ ထွက်ခွာသွားသည်။

ကမ္ဘာ့အားကစားလောကမှ ထူးချွန်ကစားသမားများကို ရွေးချယ်၍ နှစ်စဉ်ချီးမြှင့်လေ့ရှိသော Laureus ထူးချွန်ဆု၏ ယခုနှစ်ဆု ချီးမြှင့်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီနှင့် ဟာမီလ်တန်တို့ ပူးတွဲရရှိခဲ့ကြသည်။ အဆိုပါဆုပေးပွဲသည် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆု၊ တစ်နှစ်တာအကောင်းဆုံး အသင်းဆုနှင့် ဆိုးရွားသည့်အခြေအနေမှပြန်လည် ရုန်းထအနိုင်ဆုံးဆု၊ မထင်မရှား အခြေအနေမှ ထိုးဖောက်အောင်မြင် မှုယူနိုင်ဆုံးဆုတို့ကိုလည်း ချီးမြှင့်လေ့ရှိသည်။

ဘောလုံးအသင်းတွေရဲ့ ဘဏ္ဍာရေးတောင့်တင်းမှု အဆင့်သတ်မှတ်ချက်မှာ ပီအက်စ်ဂျီအသင်းက နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဘောလုံးဘဏ္ဍာရေးဆိုင်ရာ အစီအရင်ခံစာရဲ့ ထုတ်ပြန်ချက်အရ ဘဏ္ဍာရေးတောင့်တင်းမှု ဆိုင်ရာ အဆင့်သတ်မှတ်ချက်ကို အချက် ၅ ချက်နဲ့ တိုင်းတာ တွက်ချက်ခဲ့တာပါ။
ဒီလိုသတ်မှတ်ရာမှာ ကစားသမားတွေရဲ့တန်ဖိုး၊ မြင်သာတဲ့ ပိုင်ဆိုင်မှု၊ ဘဏ်အကောင့်စာရင်း၊ ပိုင်ရှင်ရဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမူ၊ အသားတင်ကြွေးမြီ စတဲ့ အချက်တွေအပေါ် အခြေခံပြီး တွက်ချက်ခဲ့တာပါ။

ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်ကတော့ သူ့ရဲ့ ချန်ပီယံကာကွယ်ပွဲကို ထိုးသတ်ဖို့အတွက် သဘောတူစာချုပ်ကို ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ အောင်လအန်ဆန်က သူ့ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ထိုးသတ်မယ့် ပြိုင်ဘက်နဲ့ ထိုးသတ်မယ့်အချိန်၊ နေရာတို့ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွရောသီ အပြောင်းအရွှေ့မှာလည်း ငွေအမြောက်အမြား ထပ်မံသုံးစွဲပြီးတော့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်နေတယ်လို့ အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒဝပ်ဝုဒ်က ပြောပါတယ်။
နည်းပြ ဆိုးလ်ရှား စတင်ကိုင်တွယ်ချိန်ကတည်းက ပေါင်သန်း ၂၀၀ ထိ သုံးစွဲပြီး ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကတော့ လက်ရှိအချိန်ထိ အသင်းမှာ ကစားသမား လိုအပ်ချက်ရှိနေဆဲလို့ သတ်မှတ်နေ ကြပါတယ်။

MMA (One Championship) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ကို နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒလာက စိန်ခေါ်သည်။ ဖေဖော်ဝါရီ ၇ ရက်က အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် One က WARRIOR’S CODE အမည်ဖြင့် ကျင်းပသည့် မစ်ဒယ် ဝိတ်တန်း စိန်ခေါ်ပွဲ၌ နယ်သာ လန်ဖိုက်တာ ဒီရစ်ဒလာက ဘရာဇီးဖိုက်တာ အက်တီဒက်စ်ကို အမှတ်ဖြင့် အနိုင်ရရှိပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့သည်။

(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲကို အားပေးထောက်ခံကြောင်း ကမ္ဘာ့ထိပ်တန်းဆူမိုနပန်းသမားတွေနဲ့ ဂျပန် ဆူမို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပြီးသူတို့အနေနဲ့လည်း အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ နှစ်ခုကြား ကာလမှာ ဆူမိုပြိုင်ပွဲတစ်ခုကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွင်းကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲအပေါ်ကမ္ဘာတဝန်းက အာရုံစိုက်လာမှာဖြစ်လို့ ဆူမိုနပန်းအားကစားနည်းကို ပိုပြီးလူသိများစေဖို့ ဂျပန်ဆူမိုအဖွဲ့ချုပ်ကရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်အိုလံပစ်ပြိုင်ပွဲအပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမစခင် ဩဂုတ်လ(၁၂)ရက်နဲ့(၁၃)ရက်တွေမှာ ဆူမိုပြိုင်ပွဲတစ်ခုကိုကျင်းပကြမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို လက်ရှိဂရင်းဆူမိုချန်ပီယံတွေဖြစ်ကြတဲ့ ကာကာယူနဲ့ဟာကူဟိုတို့တက်ရောက်ခဲ့ကြပြီး မွန်ဂိုလီယားဆူမိုနပန်းသမားကာကာယူက ”ကမ္ဘာ့ပရိသတ်ကို ဆူမိုအားကစားနည်းနဲ့ရင်းနှီးသွားအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။ ထို့အတူ(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုဥက္ကဌ တိုရှီယာကီအန်ဒိုကလည်း “ဂျပန်ရိုးရာနပန်းအားကစား နည်းဖြစ်တဲ့ဆူမိုပြိုင်ပွဲကို ဂျပန်နိုင်ငံတွင်းက ပရိသတ်တွေရော ကမ္ဘာတဝန်းက ရောက်လာကြတဲ့ပရိသတ် တွေပါကြိုက်နှစ်သက်လိမ့်မယ်ဆိုတာ ယုံကြည်ပြီးသားပါ”လို့ ပြောသွားခဲ့ပါတယ်။ one news