
ကမ္ဘာ့နံပါတ်(၁) တင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ Covid 19 ကပ်ရောဂါအန္တရာယ်ကြားကနေ Adria Tour ရန်ပုံငွေပွဲကို ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ဦးဆောင်ကျင်းပခဲ့လို့ ဝေဖန်ခြင်းခံနေရပြီး အခုအခါမှာ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေပွဲကို ပါဝင် ဆင်နွှဲခဲ့ကြတဲ့ ဒီမီထရော့ဗ်၊ ဘော်နာကိုရစ်နဲ့ ထရော့စကီးတို့လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ Source – Daily Express










