
တိုက်စစ်မှူးမာရီယာ နိုဒီယာ့ဇ် COVID-19 ကူးစက်ခံရသည်ဟု လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က အတည်ပြုသည်။ စပိန်-ဒိုမီနီကန်နိုင်ငံသား ဒီယာ့ဇ်(၂၆)နှစ်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နေအိမ်၌ သီးသန့်ခွဲခြား နေထိုင်နေကြောင်း ရီးရဲလ်အသင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဒီယာ့ဇ်သည် ဇူလိုင် ၁၉ ရက်က လီဟာနက်စ်နှင့် နှစ်ဂိုးစီသရေ ကျသောပွဲတွင် အရန်ကစားသမားများ စာရင်း၌ ပါဝင်သော်လည်း ထည့်သွင်းအသုံးပြုခြင်း မရှိပေ။









