
SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၂၅ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်ဝင်ရောက်ဖို့ရည်ရွယ်ပြီး SKYNET ရုပ်သံလိုင်းက မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ကာ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကြီးကို စီစဉ်ကျင်းပတာလို့ ဆိုပါတယ်။ အခုပြိုင်ပွဲကို နှစ်စဉ်ကျင်းပနိုင်ဖို့အတွက် စီစဉ်ထားပြီး ပြိုင်ပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက အရှေ့မြင်းပြိုင်ကွင်းလမ်းရှိရွှေထွဋ်တင်မှာကျင်းပခဲ့တာပါ။ SKYNET ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ စုစုပေါင်း ဝိတ်တန်း (၄) ခုနဲ့ စိန်ခေါ်ပွဲ (၂) ပွဲ အပါအ၀င် ပွဲစဉ် ပေါင်း (၂၆) ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။






