ဆွီဒင်နိုင်ငံသား ၀ယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian နဲ့ ကာဇက်စတန်နိုင်ငံသား Kichingin တို့ ပါဝင်ထိုးသတ်မယ့် One Championship Reign Of Valor ပွဲကို မတ်(၈)ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Zebaztian ဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဦးဆုံး ကာကွယ်ရမယ့်ပွဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံနဲ့ ထိုက်တန်တယ်ဆိုတာ ပြသသွားမယ်လို့ ဆိုပါတယ်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားဖို့ တောင်နဲ့ မြောက်ကိုရီးယားစီစဉ်
တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် သမိုင်းဝင်ပူးတွဲ ကျင်းပခွင့်ရ ဖို့အတွက် ကြိုးပမ်းသွားဖို့စီစဉ်နေပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့အတွက် တရုတ်နိုင်ငံနဲ့အတူ ဆွေးနွေးနေပါတယ်။ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကလည်း ဒီကြိုးပမ်းမှုကို ထောက်ခံခဲ့ပြီး ကျင်းပခွင့်ရဖို့ အလားအလာရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။
ယူအက်ဖ်စီပွဲစဉ်(၂၃၅)မှာ ဂျွန်ဂျုံး နဲ့ ကာမာရူအပ်စ်မန်း တို့ အနိုင်ရ
အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်လတ်ဗေးဂတ်မြို့မှာ မတ်လ(၂)ရက်က ကျင်းပတဲ့ UFC ပွဲစဉ်(၂၃၅)မှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံဂျွန်ဂျုံးနဲ့ နိုင်ဂျီးရီးယားဇာတိသား အပ်စ်မန်းတို့ အနိုင်ရသွားပါတယ်။ Ultimate Fighting Championship လို့ခေါ်တဲ့ ယူအက်ဖ်စီပြိုင်ပွဲဟာ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရတဲ့ (၅)မိနစ်(၅)ချီ ပြိုင်ပွဲဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုလုပွဲမှာတော့ လက်ရှိချန်ပီယံဂျွန်ဂျုံးက သူ့လိုပဲ အမေရိကန်နိုင်ငံသား ဖြစ်တဲ့ အန်ထော်နီစမစ်ကို အလွယ်တကူအနိုင်ရပြီး ချန်ပီယံခါးပတ်ကို ဆက်လက် ထိန်းသိမ်းသွားပါတယ်။ ၀ယ်တာဝိတ်ချန်ပီယံလုပွဲမှာ နိုင်ဂျီးရီးယားနိုင်ငံဖွား ကာမာရူအပ်စ်မန်းက အမေရိကန်ဖိုက်တာ တိုင်ရွန်ဝုဒ်လေးကို အနိုင်ရပြီး ချန်ပီယံဆု ရသွားပါတယ်။ အပ်စ်မန်းကို ဒိုင်လူကြီးသုံးဦးစလုံးက (၅၀း၄၄)မှတ်၊ (၅၀း၄၄)မှတ်၊ (၅၀း၄၅)မှတ်နဲ့ အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အပ်စ်မန်းဟာ ယူအက်ဖ်စီချန်ပီယံဆုရ ပထမဆုံး အာဖရိကတိုက်ဖွားဖိုက်တာအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အာဖရိက ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့တဲ့ မြန်မာကြက်တောင်ရိုက်အဖွဲ့ ပြန်ရောက်ရှိ
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများထဲအပါအ၀င်ဖြစ်ကြတဲ့ ကင်ညာနဲ့ယူဂန္ဓာ နိုင်ငံတကာစီးရီးဖိတ်ခေါ်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွေမှာ အောင်မြင်မှုရခဲ့တဲ့ မြန်မာကြက်တောင် အားကစားမယ်လေး သက်ထားသူဇာ အပါအ၀င် မြန်မာကြက်တောင်ရိုက်အဖွဲ့ဝင်တွေဟာ မတ်လ(၄)ရက်၊ တနင်္လာနေ့က ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အောင်ပွဲရ မြန်မာ့ကြက်တောင် အဖွဲ့ကို ကြက်တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများအပါအ၀င် အားကစား ၀ါသနာရှင်တချို့ကြိုဆိုခဲ့ကြပါတယ်။
-Ref:Skysports
မန်စီးတီးနှင့် ပူးမားကုမ္ပဏီ ပရီးမီးယားလိဂ်၏ ဒုတိယအကြီးဆုံး စပွန်ဆာစာချုပ် ချုပ်ဆို
မန်စီးတီးအသင်း သည် Puma နှင့် ပေါင်သန်း ၆၅၀ ရှိသော ၁၀ နှစ်သဘောတူညီချက်နှင့်အတူ အသင်း၏ ရာဇဝင်တွင် အကြီးမားဆုံးနှင့် ပရီးမီးယားလိဂ်၌ ဒုတိယအကြီးမားဆုံး စပွန်ဆာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံသည် လောလောဆယ် Nike နှင့် တွဲဖက်လုပ်ကိုင်နေ သော်လည်း ၂၀၁၉ နွေရာသီကစ၍ Puma နှင့် လက်တွဲမည်ဖြစ်သည်။
လက်စတာအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဘရန်ဒန်ရော်ဂျာ
လက်စတာစီးတီးအသင်းဟာ အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ နည်းပြဖြူရယ်လ်ရဲ့ နေရာမှာ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ ဆွမ်ဆီးတို့မှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရော်ဂျာဟာ ပရီးမီးယားလိဂ်ကို ပြန်လည် ခြေချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကို (၃)နှစ်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ဆုဖလား (၇)လုံး ဆွတ်ခူးပေးခဲ့တဲ့ ရော်ဂျာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကမှ ဆဲလ်တစ်အတွက် စကော့တလန် လိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။
ထိုင်းလိဂ်(၁)ရဲ့ ပွဲစဉ်(၁) အကောင်းဆုံး(၁၁)ယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဇော်မင်းထွန်း
ဇော်မင်းထွန်းကတော့ ဒီနှစ်မှ ချွန်ဘူရီအသင်းကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ပါဝင်ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။
ထိုင်းလိဂ်(၁)ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့အပတ်က စတင်ကျင်းပနေပြီ ဖြစ်ပြီး မြန်မာကစားသမားအများစု ပွဲထွက် ပါဝင် ကစားနိုင်ကြတာ တွေ့ရပါတယ်။
ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး လိဂ်ဖလား ၂ နှစ်ဆက် ဗိုလ်စွဲခဲ့တဲ့ မန်စီးတီး
ချယ်လ်ဆီး ၀-၀ မန်စီးတီး
(ပင်နယ်တီ အဆုံးအဖြတ်မှာ မန်စီးတီး ၄-၃ဂိုးနဲ့နိုင်)
ဒီနှစ်အတွက် လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးက ချယ်လ်ဆီးကိုနိုင်ပြီး ချန်ပီယံ ဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ပွဲအတွင်းမှာ ခြေစွမ်းသိပ်မကွာကြဘဲ အကြိတ်အနယ် ကစားခဲ့ကြတာပါ။ ဂိုးသွင်းခွင့် ထိထိရောက်ရောက် မရခဲ့ပေမယ့် ကွင်းလယ်ပိုင်း အားပြိုင်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်တဲ့ အထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လက်စတာနည်းပြ ကလော့ဒ်ပူအဲလ် ရာထူးမှ ထုတ်ပယ်ခံရ
အသင်းကို ၁၆ လ တာ ၀န်ယူခဲ့သော နည်းပြကလော့ဒ် ပူအဲလ်အား ထုတ်ပယ်ကြောင်း လက်စတာအသင်းက ကြေညာသည်။ ယမန်နေ့က အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်သောပွဲသည် ၎င်းနောက်ဆုံး တာဝန်ယူသောပွဲဖြစ်ခဲ့သည်။
လက်စတာအသင်းသည် နောက်ဆုံးလိဂ်ပွဲ ခြောက်ပွဲတွင် ငါးပွဲရှုံးထားပြီး နံပါတ်(၁၂)နေရာ၌ ရှိပြီးနောက် အသင်းက ပူအဲလ် (၅၇)နှစ်ကို ထုတ်ပယ်ခြင်းဖြစ်သည်။
(၄)နှစ်ကြာချန်ပီယံဆု မရရှိမှုကို ဘီလင်ဒါဘန်ဆစ် အဆုံးသတ်
ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါဘန်ဆစ်ဟာ ဒူဘိုင်းဂျူတီဖရီးပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် (၄)နှစ်ကြာ ချန်ပီယံဆုမရရှိမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ယူအေအီးနိုင်ငံဒူဘိုင်းမှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒူဘိုင်းဂျူတီဖရီးအမျိုးသမီးတစ်ဦးချင်း တင်းနစ်ချန်ပီယံရှစ် ပြိုင်ပွဲဗိုလ်လုပွဲမှာ အသက်(၂၁)နှစ်အရွယ် ဘန်ဆစ်နဲ့ဆီဒင်အဆင့်(၂) ချက်တင်းနစ်မယ်ဗီတိုဗာတို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ (၁)နာရီနဲ့(၄၂)မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဘန်ဆစ်က(၆း၃၊၁း၆၊၆း၂)နဲ့ အနိုင်ရပြီး ကစားသမား ဘ၀(၃)ခုမြောက် WTAချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။