
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အင်္ဂလန်နိုင်ငံအတွင်း အသက်(၁၂)နှစ်အောက် ဘောလုံးသမားများကို ခေါင်းတိုက်ကစားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ သုတေသနစစ်တမ်းများအရ ဘောလုံးသမားဟောင်းများ သည် အခြားသာမန်လူများထက် ဦးနှောက်ပျက်စီးပြီး သေဆုံးနိုင်ခြေပိုမိုများပြားကြောင်း တွေ့ရှိရသည့်အတွက် FA က လာမည့်ရာသီမှစ၍ လူငယ်ဘောလုံးသမားများကို ခေါင်းတိုက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။








