
မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ နည်းပြသစ် တန်ဟတ်ဂ်ကိုယ်တိုင်ကလည်း အိုင်ယက်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဒီယွန်းကို ခေါ်ယူဖို့ အသင်းဆီကိုတောင်းဆိုထားခဲ့တာပါ။ မန်ယူအသင်းဟာ ဒီယွန်းအတွက် စုစုပေါင်း ၆၉ သန်းပေးချေရမှာဖြစ်ပြီး ဇွန်လမကုန်ခင်မှာ အပြီးသတ်ခေါ်ယူသွားမယ်လို့ ကတ်တလန်အခြေစိုက် စပိန် Sport သတင်းစာမှာဖော်ပြပါတယ်။









