
လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးပြီးနောက်မှာ ပရီးမီးယား လိဂ်ရဲ့လုပ်ခ အများဆုံးကစားသမားဖြစ်လာပါတယ်။ ဆာလာဟာ အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၄ သိန်းအထိတိုးမြှင့်ရရှိတော့မှာပါ။ အဆိုပါပမာဏဟာ တစ်ပတ်လုပ်ခ ပေါင် ၃၈၅၀၀၀ ရရှိနေတဲ့ စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဆာလာက လုပ်ခအများဆုံးကစား သမားဖြစ်လာခဲ့တာပါ။







