
မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံနေပြီး အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ကစားရမည်ဖြစ်သော်လည်း ဖိအားရှိမည့်အသင်းမှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းသာဖြစ်မည်ဟု ဆီမီးဖိုင်နယ်အကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။









