22.11.2022 ရက်နေ့တွင် တိုင်းပါတီကော်မီဝင်ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင် ဥက္ကဌ ဦးစန်းမောင်၊နယ်မြေခံဒေါ်အေးသီတာ တို့မှဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစ်လပ်အတွင်းရေးမှုးနှင့် ဘဏ္ဍာရေးမှုး ရွေးချယ်ရာ အတွင်းရေးမှုး ဦးမျိုးဇော်ဦး ဘဏ္ဍာရေးမှုး ဒေါ်သင်းသင်းမွန်တို့အား ပါတီကော်မတီဝင်များ၏ဆန္ဒအရ ရွေးချယ် ဖွဲ့စည်းခဲ့ ပါကြောင်းနှင့် ရက်(၉၀)စီမံချက်အရ ပါတီဝင်အင်အားမှန်ကန်ရေး ဝန်းရံအင်အားခိုင်မာရေး တာဝန်ယူထားသော နယ်မြေများတွင်ရေးရာအလိုက် ကျစ်လစ်စွာဆောင်ရွက်နိုင်မည့်အစီအစဉ်များနှင့် ပါတီဥက္ကဌကြီး၏အသေးစိတ် ဆောင်ရွက်ရမည့်အခြေအနေများအားအပြန်အလှန်ဆွေးနွေးကြရာတွင် ဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အကူညီ ပေးရေး အဖွဲ့ ကို 15.11.2022ရက်နေ့တွင် ဖွဲ့စည်းပြီးစတင်ကူညီဆောင်ရွက် နေကြောင်းနှင့် အခြားသော ဆောင်ရွက်နေဆဲ လုပ်ငန်းစဥ်များအားလည်း ခေတ္တပါတီဥက္ကဌ ဦးမျိုးဇော်ဦးမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ မုံရွာမြို့ တေဇောတာရုံကျောင်းတိုက်ရှိ သံဃာတော်များအတွက်အလှူငွေလှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ တေဇာတာရုံကျောင်းတိုက်ရှိဆွမ်း၊ သင်္ကန်း၊ကျောင်း ၊ဆေး ပစ္စည်းလေးပါး လိုအပ်နေသော သံဃာတော်များအတွက်ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဦးကျော်ဇောဝင်းနှင့် ပြည်နယ်ရုံးအုပ်ကြီး ဒေါ်အိအိခိုင်တို့မှ နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ခရိုင်/မြို့နယ်ကော်မတီဝင်များလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ခဲ့ပါသည်။ အစည်းဝေးသို့ ဗဟိုပါတီကော်မတီဝင် ဦးကျော်ကျော်လတ်၊ ခရိုင်ပါတီကော်မတီဝင်များ ၊မြို့နယ် ပါတီနာယကကြီး ဦးစု၊ မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်း နှင့် မြို့နယ် ပါတီကော်မတီများ စုံညီစွာ တက်ရောက်၍ ရှေ့ဆက်လုပ်ဆောင်ကြမည့် စည်းရုံးရေးလုပ်ငန်းများ၊လုံခြုံရေးဆိုင်ရာ လုပ်ငန်များ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည် ။
ချမ်းမြသာစည်ပြည်ခိုင်ဖြိုး ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၂-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စနစ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံ အင်အား တိုးချဲ့စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။
အင်းစိန်ခရိုင်အတွင်းပါတီလုပ်ငန်းစဥ်ရက်(၉၀)စီမံချက်ရှင်းလင်းခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ၏မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်းပါတီ၏ရှေ့လုပ်ငန်းစဉ် ရက်(၉၀)စီမံချက် ရှင်းလင်း ခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းအားအင်းစိန်မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးတွင် ၂၂.၁၁.၂၀၂၂ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဗဟိုအရန်ကော်မတီဝင်၊ အင်းစိန်ခရိုင်ဥက္ကဌဦးမင်းသူထွန်း၊ အတွင်းရေးမှူးဦးသူရိန်လင်း၊ ဘဏ္ဍာရေးမှူးဦးကြည်စိုး၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှ မြို့နယ် ကော်မတီဝင်များနှင့်ပါတီဝင်အင်အား(၁၉)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားတွင်ပါတီ၏ရှေ့လုပ်ငန်းစဉ် များအားရက်(၉၀) စီမံချက်အတိုင်းစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တွင်ကျင်းပပြု လုပ်မည့် လူငယ်ထု တွေ့ဆုံပွဲသို့အင်အားပြည့်ပြည့်ဝဝဖြင့် အတက်ပညာရှင်၊အသိပညာရှင် လူငယ်အမျိုးသား၊ အမျိုးသမီးများစုံလင်စွာတက်ရောက်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်မှာကြားပြီးတက်ရောက်လာကြသောပါတီဝင်များမှအပြန်အလှန်တင်ပြဆွေးနွေးကာအခမ်းအနားကို ၁၀:၄၅ချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။
ညောင်လေးပင်ခရိုင်ပါတီဥက္ကဌ ဒိုက်ဦးမြို့နယ်သို့ကွင်းဆင်း၍ပါတီဝင်များနှင့်တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်သို့ ညောင်လေးပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီဥက္ကဌဒေါက်တာပွင့်ဆန်း နှင့် ဒိုက်ဦးမြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်တို့သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ဖအောင်းစုကျေးရွာ သို့သွားရောက်၍ပါတီအမာခံများနှင့်တွေ့ဆုံခဲ့သည် ။
တွေ့ဆုံပွဲတွင်ပါတီတာဝန်ရှိသူများမှပါတီ၏ပြုပြင်ပြောင်းလဲမှု ၊ ဗဟိုညီလာခံအတွေ့အကြုံများ၊ တိုင်းဒေသကြီး ပါတီဥက္ကဌ၏လမ်းညွန်မှုများ၊ PRစနစ်အကြောင်း ၊ သုံးလတာ ရက်ပေါင်း ၉၀ လုပ်ငန်းအကြောင်း ၊ ပါတီအမာခံများ စုစည်းပြန်လည်ဖွဲ့စည်းမှု ၊ ရေးရာကော်မတီများဖွဲ့စည်းထားရန်ကိစ္စရပ်များအားလုပ်ငန်း လမ်းညွန်မှာကြားခဲ့သည် ။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပ
ရန်ကုန်တိုင်းဒေကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပါတီရုံးတွင် ၂၁.၁၁.၂၀၂၂ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌကျေးရွာများသို့ကွင်းဆင်း၍ ပါတီလုပ်ငန်းစီမံချက် များအကောင်ထည်ဖော် ဆောင်ရွှက်
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးမောင်ယုနှင့်မြို့နယ်ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၁ ရက် နှင့် ၂၂ ရက်နေ့များတွင် ဝေါမြို့နယ်အတွင်းရှိ စိုင်တီစုကျေးရွာနှင့် အလင်းရောင်ရပ်ကွက်ရှိပါတီအမာခံများ ပါတီအားဝန်းရံထောက်ခံသူရပ်မိ/ ရပ်ဖများနှင့်တွေ့ဆုံ၍ ပါတီ၏စည်းရုံးရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွှက် ခဲ့သည် ။
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တောင်သူလယ်သမားများနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမင်းခန့်ကျော်နှင့် ပါတီ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက အောက်စည်တီးအရှေ့ကျေးရွာအုပ်စု စျေးညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံပါတီဝင်တောင်သူလယ်သမားများနှင့်နယ်မြေကွင်းဆင်းတွေ့ဆုံခဲ့သည် ။
တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၂-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား နိူင်ငံတော်အလံအလေးပြုကာ နိူင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ် အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင် တို့မှ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စံနစ်အကြောင်းနှင့်ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အား စိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေး၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပသွားရေး ၊ပါတီဝင်များအနေဖြင့် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့် ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက် ထားမှုအခြေအနေများကို ပြန်လည်တင်ပြခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်တွင်အစည်းအဝေးပြီးစီးခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တံတားဦးခရိုင်/မြို့နယ်ဥက္ကဌ ဦးဝင်းမင်းထွန်း၊တံတားဦးမြို့နယ်အတွင်းရေးမှုးဒေါ်ခင်ပန်းအိဆွေနှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများ တက်ရောက် ခဲ့ကြောင်းသိရှိရသည်။