ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းမင်းနှင့် နယ်မြေ တာဝန်ခံ ဦးဝဏ္ဏထွန်းတို့သည် လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု မြစ်ပေါက်ကျေးရွာအုပ်စု ဘုန်းကြီး ကုန်းကျေးရွာအုပ်စု ဆားချက်ကျေးရွာအုပ်စုများသို့၂၁.၁၁.၂၀၂၂ မှ ၂၂.၁၁.၂၀၂၂အထိကွင်းဆင်း၍ ကျေးရွာအုပ်စုပါတီကော်မတီများ ပါတီဝင်များ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ

တွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရေးမှူး ဦးစန်းမင်းမှ (၃) လတာ ကာလ ရက် (၉၀) စီမံချက်ပါ ပါတီ လုပ်ငန်းစဉ် များ  ရှင်းလင်းခြင်း၊ အသွင်သစ်ဖြင့်ဆက်ဆံရေး ” ဟူသောဆောင်ပုဒ်ကို ကိုင်စွဲ၍ ပထမရက် (၉၀)စီမံချက်ကာလပြင်ဆင်ဆောင်ရွက်‌ နေမှု အခြေအနေများ၊ပါတီ၏မူဝါဒသဘောများ၊ ပါတီဝင်အင်အား စာရင်းစိစစ်‌ခြင်း၊ပါတီဝင်အသစ်တိုးပွားရေး၊ပါတီဝန်းရံထောက်ခံသူများ စုဆောင်းရေး မြေပြင်ပါတီဝင်များ အားလုံး၏စာရင်းအမှန်ရရှိရေး စုဖွဲ့ထားမှုအခြေနေများ ဗဟိုဌာနချုပ် ၊ တိုင်းဒေသကြီး ၊ ခရိုင်ပါတီများ ၏လုပ်ငန်းလမ်းညွန်ချက်များအား ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝဏ္ဏထွန်း မှရွေးကောက်ပွဲစနစ်(PR)အားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်းသို့ ဗဟိုကော်မတီဝင် တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် စစ်ပင်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိ သူများ တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ရာသို့ ဗဟိုကော်မတီ ဒေါ်အေးအေးမြင့် တက်ရောက် ဦးဆောင် ဆွေး နွေးခဲ့သည်။

ရွှေပြည်သာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာလှုပ်ရှားမှု့အဖြစ်ဝတ်ရွတ်ပူဇော် ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ညနေ (၁၅ : ၀၀ မှ ၁၇: ၃၀) နာရီအထိ ဝတ်ရွတ်ပူဇော်ခြင်းအား ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် ၊ မင်္ဂလာဒုံနယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်တို့၏ဦးဆောင်လမ်းညွှန်မှု့တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  ဝတ်ရွတ် ပူဇော်ပွဲတွင် မင်္ဂလာဒုံခရိုင်အတွင်းရေးမှုး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှုး၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဌ ဦးထွန်းထွန်းဦးနှင့် မြို့နယ် အမျိုးသမီး ရေးရာ တာဝန်ခံဒေါ်တင်တင်ထွေးတို့မှ ကြီးကြပ်၍မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ဝတ်ရွတ်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ရွှေပြည်သာ USDP

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် Zoom Meeting ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်အတူ ၂၁ ရက်နေ့အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူကိုယ်တိုင်မတက်ရောက် နိုင်သည့် ကျန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၁)မြို့နယ်မှ ပါတီတာဝန် ရှိသူများအား Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးမှုကို ၂၂-၁၁-၂၀၂၂ ရက်နေ့ ညနေ ၁၅၄၅ အချိန်မှ ၁၇၀၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ထပ်မံပြုလုပ်ခဲ့ပါသည်။

လားရှိုး၊ခရိုင်နှင့်မြို့နယ်၊လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံး၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် လားရှိုးခရိုင်ပါတီအဖွဲ့ဝင် များ၊ လားရှိုးမြို့နယ်ပါတီအဖွဲ့ဝင်များ၊ရပ်ကျေးပါတီစည်းရုံးရေးမှူးများနှင့်တွေ့ဆုံပြီး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ PR ကဏ္ဍ၊ မီဒီယာကဏ္ဍများအား အသေးစိတ် ဆွေးနွေးညှိနိုင်း ဆောင်ရွက်ခဲ့ကြပါသည်။အစည်းအဝေးကို မွန်းလွဲပိုင်း(၁) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊မှော်ဘီခရိုင်မှ တက်ရောက်အားပေး

မှော်ဘီမြို့နယ်စာရေးဆရာအသင်းနှင့် မော်ပီဆရာသိန်းစာကြည့်တိုက်မှ ကြီးမှူးကျင်းပသော စာဆိုတော် နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနား အား ယနေ့နံနက် (၉)နာရီတွင် မော်ပီဆရာသိန်း စာကြည့်တိုက်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သက်ဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်နှင့် မှော်ဘီမြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။

အင်းစိန်မြို့နယ်၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်လုပ်ငန်း ညှိနှိုင်းစည်းဝေး

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၏ မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်၊အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၏ညွှန်ကြားချက်အရ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်မည့် လူငယ်ထုတွေ့ဆုံပွဲအတွက် ကြိုတင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကိုအင်းစိန်မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌၂၃.၁၁.၂၀၂၂ရက် ၁၀:၀၀ချိန်တွင်ကျင်းပပြုလုပ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦးတိပိဋကဓမ္မပါလကျောင်းတိုက် ပဓာနနာယက ဆရာတော်အား လှူဘွယ်ပစ္စည်းများလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ​ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးတို့သည် စစ်ကိုင်းတိုင်းဒေသကြီးပါတီတာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉၄၅ အချိန်မှ ၁၀၄၅ အချိန်ထိ ” မုံရွာမြို့ ရန်ကင်းပရိယတ္တိ စာသင်တိုက်နှင့် ရွှေတောငဦးတိပိဋကဓမ္မပါလကျောင်းတိုက် ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး ဓမ္မစကူးဖောင်ဒေးရှင်းဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသ ” ဆရာတော်အရှင်သူမြတ်အား သွားရောက် ဖူးမြော်ပြီး လှူဘွယ်ဝတ္ထုငွေနှင့် သင်္ကန်းခြင်းအပါ လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်း ကာ သြဝါဒစကားနာကြားခဲ့ပါသည်။