ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လူငယ်တွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပါတီရုံးခန်းမ၌လူငယ်တွေ့ဆုံပွဲဆောင်ရွက်ခဲ့ရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်စန်းစန်းဝင်း တက်ရောက်ခဲ့သည်။ ယ​နေ့နံနက် ၉း၀၀ နာရီအချိန်က တက်ရောက်လာကြသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်းက ယနေ့နိုင်ငံရေးအခင်းအကျင်းနှင့် လူငယ်များနဲ့ အခန်းကဏ္ဍတို့ကို ဦးဆောင် ဆွေးနွေးခဲ့သည်။

လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) ပြုလုပ်

လသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လစဉ်ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ် (၁၁/၂၀၂၂) အား မြို့နယ်ပါတီရုံး၌ ယနေ့ (၂၇-၁၁-၂၀၂၂) နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို လသာမြို့နယ် ပါတီဥက္ကဌ ဦးအောင်ဟုတ်စိန်၊ အတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုး၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ကြည်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။

မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်/အမျိုးသမီး ပါတီလုပ်ငန်းစဉ်များ ပြီးမြောက်အောင်မြင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်/အမျိုးသမီး ပါတီလုပ်ငန်းစဉ်များ ပြီးမြောက်အောင်မြင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉း၀၀ နာရီအချိန်က မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးသို့ ​မရမ်းကုန်းခရိုင်ဥက္ကဌ ဦးမင်းသိန်းထွန်းနှင့် ခရိုင်ကော်မတီ ဝင်များ မြို့နယ်ကော်မတီဝင်များ လူငယ်/အမျိုးသမီး စုစုပေါင်း အင်အား ၄၅ ဦးခန့် တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်

လှည်းကူးမြိုနယ် လှည်းကူးခရိုင်ပြည်ခိုင်ဖြိုး လူငယ်ကော်မတီဝင်များမှ မြိုနယ်ပါတီရုံး ရုံးတွင်းသန့်ရှင်းရေး စုပေါင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး  လှည်းကူးခရိုင် လူငယ်တာဝန်ခံများနှင့် လှည်းကူးမြို့နယ်အတွင်းရှိ လူငယ်ခေါင်းဆောင် များ၊ ခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးတာဝန်ရှိ ပုဂ္ဂိုလ်များ  ဦးဆောင်ကာ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး စုပေါင်းဆာင်ရွက် ခဲ့ကြပါသည်


ဓမ္မဝိဓူတလူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းပညာ ရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ပြည်နယ် ပါတီ ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီးမြို့နယ်၊တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်းရှိ ဓမ္မဝိဓူလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်သော ကျောင်းအုပ်ဆရာတော်ဝိဇာတမွေးနေ့မင်္ဂလာနှင့် ပညာရေးစုံညီ ပွဲတော်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုင်းလုံကျော်က တက်ရောက်၍ အမှာစကားပြောကြားခြင်း၊ထူးချွန်ဆုရရှိသော ကျောင်းသား/သူ များ အား ဆုချီးမြှင့်ခြင်း၊ ပညာရေးရန်ပုံငွေပဒေသာပင်အတွက် အလှူငွေ(၁ သိန်း)ကျပ်ပေးအပ်လှူဒါန်းခြင်း နှင့် ဖျော်ဖြေရေး အစီအစဉ်များအား ကြည့်ရှုအားပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  တောင်ကြီးမြို့နယ် ပါတီ​ဥက္ကဌနှင့်ကော်မတီဝင်များ၊ ရတနာသီရိရပ်ကွက်ပါတီကော်မတီဥက္ကဌနှင့် ကော်မတီဝင် များလည်း တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မဂ်လာဒုံခရိုင် မင်္ဂလာဒုံ မြို့နယ် ပါတီရုံးတွင် မွန်းလွဲ (၁၄:၀၀ မှ၁၆:၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

နယ်မြေကွင်းဆင်း၍စည်းရုံးရေးဆောင်ရွက

ကျောက်မဲမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦလှတင်၊အတွင်းရေးမှူးဒေါ်နန်သန်းသန်းဆင့်၊ဘဏ္ဍာရေးမှူးဒေါ်ဖြူဖြူမြင့် နှင့်ကော်မတီဝင် ဒေါ်စုဝတ်ရည်နိုင် တို့သည်နောင်ပိန်ကျေးရွာသို့နယ်မြေကွင်းဆင်း၍ ရပ်/ ကျေး ကော်မတီများ၊ စည်းမှူးများနှင့်တွေ့ဆုံပြီး ပါတီရေးရာများဆောင်ရွက်ခဲ့ကြပါသည်။


ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟို ကော်မတီ ဝင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ ရမည်းသင်း ခရိုင် ဥက္ကဌဒေါ်သန်းသန်းအေးနှင့် ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်ဥက္ကဌ ဦးသော်တာဆောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများရှင်းလင်း ခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊ လူငယ်/ အမျိုးသမီးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်၏လမ်းညွှန်ချက်ဖြစ်သော ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ(၂၇-၁၁-၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီမှညနေ(၃)နာရီအချိန်ထိ ချမ်းအေးသာစံ မြို့နယ်ပါတီရုံးတွင် မြို့နယ်ဥက္ကဌ ဦးကျော်ကျော်ဌေး၊အတွင်းရေးမှုး ဦးစန်းမောင်နှင့်ကော်မတီဝင် များ၊ ရပ်ကွက်ပါတီဥက္ကဌများမှ ဆောင်ရွက်ခဲ့ကြပါသည်။


နယ်မြေကွင်းဆင်း၍အစည်းအဝေးပြုလုပ်

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိကျောင်းရဲ ကျေးရွာအုပ်စု သို့ကွင်းဆင်းပြီး ရပ်/ ကျေးစည်းမှူးများနှင့်တွေ့ဆုံ၍

ပါတီကော်မတီဝင်များ၏အိမ်ထောင်စု  လူဦးရေစာရင်း ကောက်ယူနေမှုအား  ပူးပေါင်းဆောင်ရွက်ရေး၊ ပါတီဝင် အင်အား စိစစ်​ရေးနှင့် ပါတီဝင်အသစ်များရရှိရေး အစည်းအဝေးပြုလုပ်ခဲ့ပါသည်။