
တောင်ကြီး မတ် ၁၀
တောင်ကြီးမြို့နယ် ပါတီဥက္ကဌ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် အရံပါတီကော်မတီဝင်များ မြို့နယ်ပါတီရုံးခန်းတွင် လုပ်ငန်းညှိနိုင်းစည်းဝေးပြုလုပ်ခဲ့ပါသည်။

တောင်ကြီး မတ် ၁၀
တောင်ကြီးမြို့နယ် ပါတီဥက္ကဌ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် အရံပါတီကော်မတီဝင်များ မြို့နယ်ပါတီရုံးခန်းတွင် လုပ်ငန်းညှိနိုင်းစည်းဝေးပြုလုပ်ခဲ့ပါသည်။

လားရှိး မတ် ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း ဦးဆောင်သော ပြည်နယ်ကောမတီဝင်များ၊ ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/မြို့နယ် ဥက္ကဋ္ဌများနှင့်၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ပါတီရုံးတွင် ၂၀၂၃ ခုနှစ်၊ ပထမ(၃)လပါတ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပထမရက်(၉၀)စီမံချက်အကောင်အထည် ဖော်ဆောင်မှုပြီးစီးမှုများကို ရှင်းလင်း သုံးသပ်ခြင်းနှင့် ဒုတိယရက်(၉၀)စီမံချက်နှင့်ပက်သက်၍ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

၆ ၊ ၃ ၊ ၂၀၂၃ နေ့ နံနက် ၉ : ၀၀ နာရီ အချိန်တွင် ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စွမ်းရည်မြှင့်သင်တန်း ကို မြို့နယ်ပါတီရုံးတွင် ဖွင့်လှစ်ခဲ့ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ပြည်နယ်ပါတီကော်မတီဝင်(ကျောက်ဖြူမြို့နယ်ပါတီတာဝန်ခံ) ဦးထွန်းမင်း ခရိုင်ပါတီဥက္ကဌ ဦးမြလင်း ၊မြိုနယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး ၊ အတွင်းရေးမှူး ဦးတင်ထွန်း ၊ ဘဏ္ဍာရေးမှူးဦးအေးလွင် နှင့်မြို့နယ်ပါတီကော်မတီများစုစုပေါင်း ( ၂၅. )ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်အောင် မတ် ၉
မြန်အောင်ခရိုင်ပါတီဥက္ကဌ ဦးနေဝင်းဇော် မြို့နယ်ပါတီဥက္ကဌ ဒေါ်ရင်မြတ်သူ အတွင်းရေးမှူး ဘဏ္ဍာရေးမှူးနှင့် အဖွဲ့က အင်ပင်တိုက်နယ်အတွင်းရှိ ရပ်မိရပ်ဖများ ပါတီအမာခံများနှင့် နယ်ဆင်းသွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

လယ်ဝေး မတ် ၉
ယနေ့(9-3-2023)ရက်လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်နှင့်မြို့လုပ်ငန်းညှိနိုင်းအစည်း တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုကော်မတီဝင် ဦးခင်မောင်ထွန်း ခရိုင်ဥက္ကဌ ဦးကြည်ငြိမ်းခိုင်နှင့် ခရိုင်ကော်မတီဝင်များ လယ်ဝေးမြို့နယ် ဥက္ကဌဦးအောင်ခိုင်မိုးနှင့် မြို့နယ်ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ပါသည်။

ဒိုက်ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌဦးရဲမြင့်ထွန်း၏ ပါတီလုပ်ငန်းလမ်းညွန်စီမံချက်အရ မတ်လ ၉ ရက်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်ပါတီရုံးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်နိုင် နှင့် တိုင်းပါတီကော်မတီဝင်များသည် မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လားရှိး မတ် ၈
ရှမ်းမြောက်၊ လားရှိးမြို့ရပ်ကွက်(1)နယ်မြေ(နယ်မြေ၇)တွင် လူကုန်းကူးမှုဆိုင်ရာအသိပညာပေးဟော ပြောပွဲ ပြုလုပ်ကျင်းရာတွင် ရှမ်းမြောက် ပြည်ခိုင်ဖြိုးပါတီအမျိုးရေးရာတာဝန်ခံဒေါ်နန်းခမ်းယဉ်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက် ပူးပေါင်းပါဝင်ခဲ့ပါသည်။

မိုင်းယောင်း မတ် ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးစိုင်းအောင်ခမ်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းဆမ်တို့သည် ၀မ်ကောင်းကျေးရွာအုပ်စု၊ ၀မ်ကောင်းရွာသို့ ကွင်းဆင်း၍ ကျေးရွာအုပ်စုပါတီ ကော်မတီ၀င်များ နှင့် ပါတီစည်းရုံးရေးကိစ္စများ၊ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ၀မ်ကောင်းကျေးရွာ လယ်သမားများ၏ ကိုယ့်အားကိုယ်ကိုး လယ်ယာကုန်ထုတ် လမ်းတံတား တည်ဆောက်နေသည့် နေရာသို့ သွားရောက်ကာ တံတားတည်ဆောက်ရေးအတွက် ဘိလပ်မြေဖိုး (၂၀၀၀၀၀)ကျပ် လှူဒါန်းပေးခဲ့ပါသည်။

မတ်လ ၈ရက်နေ့ ၂၀၂၃
နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဌ ဦးလှဆွေ ပါတီနာယက ဦးဌေးဝင်း ပါတီအတွင်းရေးမှူး ဦးဝင်းဌေး တို့ ပါဝင်သောအဖွဲ့သည် ပါတီဝင်အဟောင်းများ ပြန်လည်စီစစ်ခြင်းနှင့် ပါတီဝင်အသစ်များစုဆောင်းခြင်းလုပ်ငန်းများ အချိန်မှီပြီးဆီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကွင်းဆင်းခြင်းလုပ်ငန်းများအား နံနက် (၁၀)နာရီမှ ညနေ (၃)နာရီအထိ ဆောင်ရွတ်ခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ဥတ္တရသီရိမြို့နယ် တပ်ကုန်းမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

ဇီးကုန်း မတ် ၇
ယနေ့ ၇- ၃ – ၂၀၂၃ နေ့နေ့လည် ၁ နာ ရီအချိန် ပဲခူးတိုင်းအနောက် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပါတီရုံးတွင် တိုင်းစုံညီမှဆွေးနွေးချက်များ ပါတီ၀င်ကပ်ကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရာသို့ တိုင်းပါတီကော်မတီ၀င် ဦးသန်းဇော်ထွန်း နတ်တလင်းခရိုင် အတွင်းရေးမှုးဦးကျော်မင်းထွန်း မြို့နယ် ဥက္ကဌ ဒေါ်နှင်းအိအိ၀င်း ဘဏ္ဍာရေးမှုးဦး၀င်းကြည် နှင့် မြို့နယ်ကော်မတီ၀င်များတက်ရောက်ကြောင်း သတင်းရရှိပါသည်။