
ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီခေတ္တ အတွင်းရေးမှူး ဒေါ်သိင်္ဂီအောင်နှင့် အလုပ်အမှုဆောင်များ၊ တံတားဦးမြို့နယ် အတွင်းရေးမှူး ဦးဝင်းမင်းထွန်းနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဧပြီလ (၂၂)ရက်နေ့က မိုးသီးများ ကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာ ရှိ အလင်းတန်းပရဟိတ လူမှုကူညီရေးအသင်းဓမ္မာရုံသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။




