
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မေ(၄) ရက်နေ့၊ နံနက် (၁၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့် မှ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။




