
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းသည် ခရိုင်အတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးကျဒေါလော်၊ ဦးချမ်းမြ၊ ဦးအောင်ဝင်း၊ စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ဦးလော်ဖာ၊ ဦးဘိုဘိုမောင်၊ ပါတီဝင်လူငယ်များ၊ ပါတီဝင်အမျိုးသမီးအဖွဲ့ဝင် အင်အား(၂၀)ဦးတို့သည် ဧပြီလအတွင်းက တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် လူနေအိမ်(၁၃) လုံးနှင့် ဘုရားရှိခိုးကျောင်း (၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထိနားရွာသို့ မေလ (၉) ရက် နံနက်ပိုင်းက သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။




