
ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်၊ ရေကြည်) နယ်မြေ တာဝန်ခံ ဦးမြင့်ကြိုင် ဦးဆောင်၍ ကျုံပျော်မြို့နယ် ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်နှင့် ဦးသန်းဝင်းတို့သည် ယနေ့ (မေလ ၁၆ ရက်) နံနက် (၉) နာရီအချိန်က အထောင်တိုက်နယ်အတွင်းရှိ သင်တောကျေးရွာသို့ သွားရောက်၍ ပါတီအမာခံကေဒါ ပြန်လည်ရွေးချယ်ခြင်းနှင့် ပါတီ၏လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။




