ကန်ကြီးထောင့် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးေဇာ်သိန်းနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် (၂၂.၃.၂၀၂၃) နေ့ နံနက် (၉)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊မြောက်ရိုးကြီးကျေးရွာရှိ ဒေသခံတောင်သူများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာလူငယ်များ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ပါသည်။