
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ အဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို မေလ ( ၁၉ ) ရက် ညနေ ၅ နာရီက ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် နှင်းပန်းလမ်း၌ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ အဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို မေလ ( ၁၉ ) ရက် ညနေ ၅ နာရီက ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် နှင်းပန်းလမ်း၌ ဆောင်ရွက်ခဲ့သည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြို့ဦးစေတီတော်တွင် ကဆုန်လပြည့်နေ့ (မေလ ၂၁ ရက် ) ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြသည်။
မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြောင်းမြမြို့နယ် ပါတီကော်မတီဝင်များသည် မေလ (၁၉) ရက်နေ့က ပိုးလောင်းအုပ်စု၊ ညောင်ချောင်း လေးကျေးရွာ၊ ကျောက်တန်းလေးကျေးရွာ၊ စမ်းချောင်းလေးရွာများသို့ ရေဂါလံ (၂၀၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဦးဌေးလွင် ဦးဆောင်သော မြို့နယ်ပါတီကော်မတီများနှင့် ပါတီဝင်ပါတီဝင်များသည် မေလ (၁၈) ရက် နံနက် (၉) နာရီအချိန်က မရမ်းချောင်းကျေးရွာဆရာတော်အား တံတားဆောက်လုပ်ရန် အလှူငွေ ၃၀၀၀၀၀ိ/- (ကျပ်သုံးသိန်း) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဌာနချုပ်မှ နေ့စဉ်ထုတ်ဝေလျက်ရှိ သော ပြည်ထောင်စုနေ့စဉ်သတင်းစာကို ကျေးလက်ဒေသများ အရောက် ဖြန့်ချိနိုင်ရေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မေလ (၁၈) ရက်က နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီစုံညီအစည်းအဝေးမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သောက်သုံးရေ Light Track ကားတစ်စီးလျှင် (၅)ဂါလံဝင်ပုံး (၅၀) ပုံး နှင့် ကားနှစ်စီး စုစုပေါင်း ရေဂါလံ (၅၀၀) အား သပြေပင်အုပ်စု၊ သိမ်ကုန်းကျေးရွာသို့ မေလ (၁၉) ရက်က သွားရောက်လှူဒါန်းခဲ့ပြီး သက်ကြီးရွယ်အိုများထံ အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစန်းနိုင် ဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်များသည် မေလ (၁၈) ရက် ညနေ (၄) နာရီခွဲအချိန်က သောက်သုံးရေလှူဒါန်း သံတွဲမြို့နယ် တောင်ညိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ ကော်မတီများ ပြန်လည်ပြင်ဆင်ရွေးချယ်ခြင်းကို မေလ (၁၈) ရက် ညနေ (၅) နာရီခွဲအချိန်က (၁၀/မြောက်) ရပ်ကွက်တွင်လည်းကောင်း၊ မေလ (၁၉) /က်နေ့ ညနေ (၆) နာရီ (၄၅) မိနစ်အချိန်က (၄/တောင်) ရပ်ကွက်တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Zaw
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် လက်ခုပ်ပင်အုပ်စု၊ လယ်ကြီးအုပ်စု၊ မန်ကျည်းပင်အုပ်စုများတွင်လည်းကောင်း၊ သီပေါမြို့နယ် မြန်မာရပ်တွင် လည်းကောင်း၊ မေလ (၁၈) ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံပါတီကေဒါများရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသိန်းစိန်က စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီး Dr. Vivian Balakrishnan အား ယနေ့ (မေလ ၁၉ ရက်) နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
