
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ရွှေထီးတော် စိန်ဖူးတော်အထွက်တင် ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို မေလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ စေတီတော်၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတနှင့် အင်္ဂပူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။




