




သြဂုတ် ၂၊ နေပြည်တော်
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်မားဆုံးဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်ပူဇော်ပြီး ၁-၈-၂၀၂၃ ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲအခမ်းအနားကို ပြုလုပ်ပူဇော်ခဲ့ပါသည်။
ဘုရားကြီး၏ တည်ဆောက်ပူဇော်မှုလုပ်ငန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလည်း ကျောက်စာရုံစေတီ ၁ ဆူနှင့် နဝကမ္မသာသနိက (အလှူတော်ငွေတန်ဖိုး- သိန်းခြောက်ရာ တိတိ) ကိုပါဝင်လှူဒါန်းခဲ့ပြီး ပါတီ၏ကိုယ်စား အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ ကျောက်စာရုံစေတီ၏ ရွှေထီးတော်အား တင်လှူပူဇော်ခဲ့ပါသည်။

























