၁၀-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ပုဂံအထကကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပညာရေးသုံညီပွဲတော် ကျင်းပခဲ့ရာညောင်ဦးခရိုင်ပြည်ခိုင်ဖြိုးပါတီ၊ ခရိုင်ကော်မတီဝင်ဦးမြတ်မင်း၊ ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးအောင်ဌေးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်မြို့နယ်ပါတီဥက္ကဌဦးအောင်ဌေးက ပုဂံအထကကျောင်းအတွက် ကျောင်းသုံဗလာစာအုပ် ၅ ဒါဇင်ပေးအပ်လှူဒါန်း ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား/သူ များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စဉ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပညာရေးစုံညီပွဲတော်တက်ရောက်
၁၀-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စဉ့်ကိုင်မြို့နယ်၊စဉ့်ကိုင်ကြီး အမကကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှုးဦးအောင်အောင်၊ မြို့နယ်ကော်မတီဝင် ဦးပြည့်၊ဦးမြင့်သိန်းနှင့်ရပ်/ ကျေးကော်မတီဝင်များတက်ရောက်ခဲ့ပြီး ထူးချွန်ဆုရကျောင်းသား/ သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်သည့်တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးတက်ရောက်
(၁၀-၁-၂၀၂၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီ ဗဟိုကော်မတီဝင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးတင့်လွင်ဦး၊ ဦးရွှေနန်း၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ ရမည်းသင်းခရိုင်ဥက္ကဌဒေါ်သန်းသန်းအေး၊အတွင်းရေးမှုးဦးထွန်းမြင့်နှင့်ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်မှဥက္ကဌ၊ အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်မှ ရပ်/ ကျေးပါတီဥက္ကဌများ၊ ပါတီဝန်းရံသူများ၊မြို့မိ/မြို့ဖများ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊တစည ပါတီကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင် များ၊ စုစုပေါင်းအင်အား(၆၀)ဦးတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး လက်ရှိနိူင်ငံရေးအခြေအနေနှင့်နောင်ဖြစ်ပေါ်လာနိူင်သည့် နိူင်ငံရေးအခြေအနေအလားအလာ ခေါင်းစဉ်ဖြင့် အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကာ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ်ပြည်ခိုင်ဖြိုး ပြက္ခဒိန်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ သနပ်ပင်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်
စတုတ္ထ (၃)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၂ ခုနှစ်၊ စတုတ္ထ (၃) လပါတ် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့နံနက်(၈) နာရီမှ ညနေ(၅)နာရီမိနစ်(၂၀)အထိ ကျင်းပခဲ့ရာ၊ပြည်နယ်ပါတီဝင်များ၊(၅)ခရိုင်မှပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ကိုယ်ပိုင်ဒေသအုပ်ချုပ်ခွင့်ရဒေသ(၂)ခုမှပါတီတာဝန်ရှိသူများ၊(၁၉)မြို့ နယ်မှ ပါတီဥက္ကဋ္ဌဌများနှင့် ပါတီတာဝန်ရှိသူများတက်ရောက်ကြပြီး အစည်းအဝေး တွင် ပြည်နယ်ပါတီ၏တစ်နှစ် တာဖြစ်ပေါ်တိုးတက်မူ့များသုံးသပ်တင်ပြခြင်း၊ ပါတီဌာနချုပ် မီဒီယာဌာန (On-Line) တာဝန်ခံ၏မှာကြားချက်များအား ထပ်မံရှင်းလင်းပြောကြားခြင်း ရက်(၉၀) စီမံချက်ပါလုပ်ငန်းများပြီးစီးမှု့နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးပထမရက်အား ညနေ (၅:၃၀)နာရီ တွင်ရပ်နားခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီပုံမှန် စည်းဝေး
နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေးကို သဲကုန်း မြို့နယ် ပါတီရုံးတွင်ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဥမ္မာမို့မို့ဇော် နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြောင်းသိရှိရပါသည် ။
ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပညာရေးစုံညီပွဲတော်သို့တက်ရောက်
၉-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ဝက်ဝံကျေးရွာအုပ်စု၊ ကျောက်ခွက်ကျွန်းတပင် ကျေးရွာမူလတန်းကျောင်း၊၂၀၂၂-၂၀၂၃ ခုနှစ်၊ပညာရေးစုံညီပွဲတော်ကျင်းပရာသို့ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဟိန်းမင်းဦးနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းဇော်နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသား/ သူများအား ခရိုင်/မြို့နယ်ပါတီဥက္ကဌတို့က ဆုများချီးမြှင့်ခဲ့ကြပါသည်။ ၎င်းနောက်ကျေးရွာ မူလတန်းကျောင်း အတွက်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးဗလာစာအုပ် ၁၀ ဒါဇင်နှင့်အလှူငွေလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးကဏ္ဍတွေ့ဆုံပွဲပြုလုပ်
(၉-၁-၂၀၂၃)ရက်နေ့(၁၅:၃၀)အချိန်တွင် ရမည်းသင်းမြို့၊ဝါတိုးရပ်ကွက်၌ အမျိုးသမီးကဏ္ဍတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပါတီဗဟိုကော်မတီဝင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ပါတီ ဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ရမည်းသင်းခရိုင် ဥက္ကဌဒေါ်သန်းသန်းအေးနှင့် ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ် ဥက္ကဌဦးဇော်ဝင်းနှင့် ကော်မတီဝင်များ၊အမျိုးသမီးပါတီဝင်များ၊ ပါတီဝန်းရံသူများ တက်ရောက်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲ တွင်ကျင့်သုံးမည့်PR စနစ်အကြောင်း၊ပါတီဝန်းရံသူ အမျိုးသမီးများတိုးပွားလာစေရန် စည်းရုံး ဆောင်ရွက်သွားရေးနှင့်ပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် ပါတီဝင်အမျိုးသမီးများ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းပေါင်းစပ် ညှိနှိုင်းခြင်းနှင့် ဒေသခံပါတီဝင်များနှင့်တွေ့ဆုံ
မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမြင့်ဆန်းနှင့် မြို့နယ်ဘဏ္ဍာမှူးဦးအောင်သန်းဦးတို့သည် (၉.၁.၂၀၂၃) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ဂဠုန်အုပ်စု ၊ ဂဠုန်ကျေးရွာနှင့်ညောပင်လျှိုအုပ်စု၊ အင်ကြင်းစုကျေးရွာတို့ ဆက်သွယ် ဖောက်လုပ်မည့် ကျေးလက်လမ်းလုပ်ငန်းခွင် လျာထားနေရာသို့ သွားရောက်ခဲ့ပါသည်။ အဆိုပါလမ်းသည် အရှည်ပေ(၁၂၀၀၀)ရှိပြီး ဂဠုံ၊ အင်းကြင်းစု၊ ကျောက်ပုံ၊သရက္ကန်၊ ညောင်ပင်လျှို ၊ဝက်ခြောက်၊ပျော်ဘွယ် ကျေးရွာများမှ ကျောင်းသား/ ကျောင်းသူများနှင့်မိဘပြည်သူများအသုံးပြုမည့် လမ်းဖြစ်ပြီး အဆိုပါလမ်းပြီးစီးပါက ဒေသခံပြည်သူများအတွက်များစွာ အကျိုးပြုမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းခွင်၌ လမ်းဖြစ်မြောက်ရေး ကမကထပြုသူ ဗကသောင်းမြင့်( ငြိမ်း} နှင့် လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များစုစုပေါင်း (၂၅)ဦးအား ပါတီ၏ရှေ့ဆက်သွားမည့်မူဝါဒနှင့် ရက်ပေါင်း(၉၀) စီမံချက်ပါ အကြောင်းအရာများ၊ PR စံနစ်ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးအရေးကြီးပုံများအား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၇၅) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ