ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီအချိန်က မဘိမ်းမြို့နယ် လဝါရွာ အလကခွဲရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၃) ဦး၊ မူကြိုကျောင်းသား ကျောင်းသူ (၂၂) ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၅၇) ဒါဇင်နှင့် ဘောပင် (၁၈၃) ချောင်း တို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇူလိုင်လ ၆ ရက်) နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီနာယက ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် ဦးဆွေအောင်၊ တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းနွယ်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးတင်ယုနှင့် ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်သူများကျန်းမာရေး အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ အလင်းရောင် ဖောင်ဒေးရှင်းနှင့် ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်ကြီး များပူးပေါင်း၍ ဇူလိုင်လ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်မှစတင်၍ အမှတ် (၅၁) ရပ်ကွက်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဝေဒနာရှင်များ လာရောက်ဆေးကုသမှု ခံယူကြကြောင်း သိရသည်။ (more…)
ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ ပြန်လည်ရွေးချယ်ပြီးစီး
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကော်မတီဝင်စာရင်းကို ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၄)ရက်ပါ စာအမှတ်၊ ၁-၂/ ပြည်ခိုင်ဖြိုး/ ၂၀၁၆(၀၆၉) ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ခရိုင် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၅) ရက် နံနက် (၉) နာရီအချိန်က မိုင်းဆတ်မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဦးရှာမွေလရှန်၊ ဦးစိုင်းလုံတို့ တက်ရောက်ခဲ့ကြသည်။

မိုင်းဆတ်ခရိုင် ရဲဝန်ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်အားပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့ ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီ (၃၀) မိနစ် အချိန်က မိုင်းဆတ်မြို့ မြို့တော်ခမ်းမတွင်ကျင်းပရာအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွန်းဝေနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင်းခြံခရိုင်လေးမြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး
မြင်းခြံခရိုင် လေးမြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးများကို ယမန်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပြီး မြို့နယ် ပါတီဥက္ကဋ္ဌသစ်များ ရွေးချယ်နိုင် ကြောင်း မြင်းခြံခရိုင် ပါတီကော် မတီအတွင်းရေးမှူး ဦးတင်အောင်ညွန့်က ပြောသည်။

ပခုက္ကူခရိုင်ပါတီ မျက်နှာစုံညီ အကြိုတွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအကြိုတွေ့ဆုံပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက် (၁၀) နာရီအချိန်က ပခုက္ကူခရိုင်ပါတီရုံးခန်းမ၌ ကျင်းပရာ ခရိုင်ပါတီနာယက ဦးသိန်းထွန်းမှ ပါတီမျက်နှာစုံညီကျင်းပမည့်ပွဲအတွက် လုပ်ငန်းစဉ်များ ခြပြပြီး တက်ရောက်လာကြသည့် မြို့နယ်(၅)မြို့နယ်မှ ခရိုင်ပါတီ ကော်မတီဝင်များနင့် မြို့နယ်ပါတီ အတွင်းရေးမှူးများမှ မိမိမြို့နယ်အလိုက် ပါတီဆောင်ရွက်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကာ ခရိုင်မျက်နှာစုံညီ အကြိုအခမ်းအနားကို နံနက် (၁၁) နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇူလိုင်လ (၄) ရက်က နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ (၄) ရက် နေ့လည် (၁) နာရီအချိန်က ရွေးချယ်ရေး ညီလာခံကျင်းပရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit – Kachin Lion



