(၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းကို ဇူလိုင်လ (၁၉) ရက် နံနက် (၁ဝ) နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁၅ဝ ခန့်တို့က ချမ်းသာရပ်ကွက် ပါတီရုံးစုရပ်မှ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံသို့ ချီတက်ပြီး ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းနှင့် အာဇာနည်များကို လွမ်းဆွတ် သတိရ ခြင်းအားဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြသည်။