














တောင်ကြီး ဩဂုတ် ၁၃





သြဂုတ် ၁၂၊ ရန်ကုန်









ရန်ကုန် သြဂုတ် ၁၀

ရနကုန် ဩဂုတ် ၉ ရက်
ယနေ့ ၉-၈-၂၀၂၃ ရက်နေ့ နံနက်(၉)နာရီက ကမာရွတ်ခရိုင်၊ကမာရွတ်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မြိုနယ်ပါတီကော်မတီဝင်များလုပ်ငန်းညှိနှိင်းစည်ဝေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်၊
ထိုသိုကျင်းပပြုလုပ်ရာတွင် ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ပါတီရှေ့လုပ်ငန်းစဉ် ရက်(၉၀) စီမံချက်ပြီးမြောက်မှုအခြေအနေများ
ပြည့်မဏ္ဍိုင်အဖွဲဝင်များနှင့်NGO အဖွဲများပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအပြင် မြိုနယ်ပါတီရုံး ဝန်ထမ်းများနှင့် မြိုနယ်ရေးရာကော်မတီအဖွဲဝင်များမှပါတီ၏ ရုံးလုပ်ငန်းစာရင်းဇယားများ/ ပါတီစည်းရုံးရေးရာမှ မိမိပါတီဝင်လူဦးရေစာရင်းဇယားများကို UEC ကော်မရှင်အဖွဲများအစစ်ဆေးခံနိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများအား အပြန်အလှန်အသေးစိတ်ဆွေးခဲ့ပြီး မြိုနယ်အတွင်းရေမှူး ဦးဗိုလ်စော မှ UEC မှစစ်ဆေးမည့်ပါတီဝင်အင်အားစာရင်းများ ပါတီဝင်ပုံစံများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်လက်ပြီး version 2 Application အသုံးပြုရန်နှင့် ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ဆောင်ရန်တိုကိုရှင်းလင်းတင်ပြခဲ့ပါသည် ဆက်လက်ပြီတက်ရောက်လာသော မြိုနယ်ပါတီကော်မတီဝင်များ၏ဆွေးနွေး တင်ပြခြက်များကို ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ရှင်းလင်းဆွေးနွေးခဲ့ပြီးအစည်းအဝေးကို နေ့လည်(၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်၊ ယနေ့ပြုလုပ်သောလုပ်ငန်းညှိနှိင်းအစည်းအဝေးတွင်မြိုနယ်ပါတီကော်မတီဝင်(၁၀)ဦ တက်ရောက်ခဲ့ကြသည်။

ဘားအံ ဩဂုတ်၉
ကရင်ပြည်နယ်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌဒေါ်နန်းနီနီအေးသည် ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်စန္ဒာဦး၊ ပြည်နယ်ကော်မတီဝင်စောမြင့်ဝင်းအောင်၊ ဦးအောင်ကျော်သိန်း မြိုနယ်ပါတီဥက္ကဌစောစိန်ဝင်းနှင့် ပါတီဝင်များ၊ ရုံးအဖွဲများလိုက်ပါလျှက်၂၀၂၃ခုနစ် ဩဂုတ်လ၉ရက်၁၀၀၀နါရီအချိန်တွင် ရွှေယဉ်မျှော်ဘုရားရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု ၉၈ စု ကြားတောရ ဘုန်းတော်ကြီးကျောင်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၂ စု၊ဆိုင်ကလုန်းရှာတာကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၇ စုတိုအား ဆန်အိတ်၆ပြည်ဝင်၄၈အိတ် အား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။




လှိင်းဘွဲဩဂုတ် ၈
၈.၈.၂၀၂၃ ရက်နေ့လှိင်းဘွဲမြိုနယ် ပါတီဥက္ကဌနှင့် ပါတီဝင်များသည် မြိုနယ်အုပ်ချုပ်ရေးအဖွဲနှင့်ပူးပေါင်းပြီးမြို့ပေါ် ရပ်ကွက် ရေကြီးနစ်မြုပ်နေသည့် ပြည်သူများနေရာရွှေ့ပြောင်းကယ်ဆယ်ခြင်း အခြေခံစားကုန်များထောက်ပံ့ ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
================================
လှိုင်းဘွဲမြို့ ရေကြီးနစ်မြုပ်နေရာများပါတီဥက္ကဌနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်

မဘိမ်း ဩဂုတ် ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြိုနယ်အတွင်းရှိအကြမ်းဖက် (PDF) များ၏မတရား ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မဘိမ်းမြိုနယ် ပါ တီကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ၊အမာခံပါတီဝင်၊ ပါတီဝန်းရံစုစုပေါင်း သေဆုံးသူ(၂၅)ဦးတို့အား ရည်စူး၍ဝါဆိုသက်န်း ကပ်လှူခြင်း၊ ကျောင်းဆောက်ရန် အလှူငွေထည့်ဝင်လှူဒါန်းခြင်းစသော ကုသိုလ်ကောင်းမှုတို ၂၀၂၃ ခုနှစ်၊သြဂတ် လ(၈)ရက်၊ယနေ့ညနေ(၃) နာရီအချိန်တွင် မဘိမ်းမြို၊ ကုန်းခါးရပ်ကွက်ရှိ ဣစ္ဆာသယ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူးဦးမြင့်လှိင်နှင့်ခရိုင် ကော်မတီဝင်များ၊ မြိုနယ်ပါတီဥက္ကဋ္ဌဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာယူပြီး ဝါဆိုသင်္ကန်းများနှင့်လှူဒါန်းဘွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။