ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

12389933-06082016

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကို ယမန်နေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရုဝန်းသို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး ကြွရောက် အပူဇော်ခံတော်မူသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ထိန်ကုန်းရပ်ကွက်နေပြည်သူလူထုအား ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်

11265843-06082016

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အစီအစဉ်ဖြင့် မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ကာ ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှ မြို့နယ်အတွင်း ရေဝင် ရောက်ခဲ့သော ထိန်ကုန်းရပ်ကွက် နေ ပြည်သူလူထုများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ နံနက် ၁ဝ နာရီက ထိန်ကုန်းရပ်ကွက် အရန် မီးသတ်တပ်ဖွဲ့ စခန်းတွင် ဆောင်ရွက်ပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ကျေးရွာများ သို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ထောက်ပံ့

65368432-06082016

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အစီအစဉ်ဖြင့် မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ပုသိမ်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာများအထိ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။  ”ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီဟာ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျေးရွာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်ဖို့ ပါတီရဲ့ဗဟိုအဆင့်က နေ ရပ်ကျေးအဆင့်ထိ အစီအစဉ် တွေ ချမှတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲအခမ်းအနားကျင်းပ

13932937_414965695345230_6133097157466544730_n

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၆ ခုနှစ် မျက်နှာစုံညီအစည်းအဝေးနှင့် တိုင်းပါတီ ပြန်လည် ပြင်ဆင် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို ကော်မတီဝင် ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်ဦးနန္ဒကျော်စွာ၊ ဗဟိုအလုပ် အမှုဆောင် ဦးတင်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီး ပါတီကော်မတီ ဝင်များ၊ ခရိုင်၊မြို့နယ်များမှ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များ၊ ပထမအကြိမ် လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ အကြိမ်အများဆုံးသွေးလှူဒါန်း သူများ၊ NGOအဖွဲ့များ၊ မီဒီယာ များစုစုပေါင်း ၃၅ဝခန့်တက်ရောက်ကြသည်။

ဟင်္သာတမြို့ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်းနှစ်ပတ်လည်နှင့် အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများပေးအပ်ပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ရောက်

64874802-06082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၁ရက် ညနေ ၄နာရီတွင် ဟင်္သာတ ခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းဒုတိယ ဥက္ကဋ္ဌဦးသန်းထွန်း၊ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အလုပ် အမှုဆောင်များနှင့်အတူဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃဒါနဆွမ်းလောင်း အသင်းဓမ္မာရုံ၌ ပြုလုပ်သော အမှတ် (၅၇ဝ)မြို့မယာဉ်အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင်သားသမီး များအား ပညာရေးအထောက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်သည်။

အောင်လံပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ သွားရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်အောင်ချစ်၊ ဦးတင်ဝင်း၊ ဦးစန်းလွင် တို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် အမှုဆောင်များ အင်အား (၅၀) ဦးဖြင့် အင်းပေါက်ကျေးရွာ၊ ရွာထောင်ရပ်ကွက်၊စက်ရုံ၊ စမ်းချောင်း၊ သရက်တော၊ ဈေးကုန်း၊ မန်ကျည်းကုန်းရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စု (၁၃၆၄) စုအတွက် အိမ်ထောင် တစ်စုလျှင် ဆန် (၂) ပြည်နှုန်းဖြင့် ဆန် (၁၁၃) အိတ် (တန်ဖိုးငွေ ၂၈၂,၅၀၀,၀ ကျပ်) ကို သြဂုတ်လ (၃) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၆) နာရီအထိ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့် တွေ့ဆုံပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်ဇနီးတို့အားအမှူး ထား၍ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းရေဘေးဒုက္ခသည်များအား လှူဒါန်း။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးနှင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ် ၊ဆယ်လံကျေးရွာရှိ ရေးဘေးသင့်ပြည်သူများ အိမ်ခြေ (၂၃၅) အိမ် ၊ အိမ်ထောင်စု (၂၉၈ )အိမ်ထောင်တို့အား ဆန်၊ဆီနှင့် ခေါက်ဆွဲခြောက်များပေးဝေလှူဒါန်းခဲ့ကြောင်း
သိရသည်။

Kohtein Win


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသအသီးသီးရှိ ရေဘေးသင့်ပြည်သူများသို့ ကူညီထောက်ပံ့မှု အခြေအနေ


မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကူညီထောက်ပံ့မှု အခြေအနေ