
ကျောက်ဆည် ဩဂုတ် ၁၇
(၁၇-၈-၂၀၂၃)ရက်နေ့ ၁၂:၃၀မှ၁၄:၃၀ အချိန်ထိ ကျောက်ဆည်မြိုနယ်၊ကုလကျေးရွာတွင် ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့် ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ရပ်မိ/ရပ်ဖများ၊First Time Voters များ စုစုပေါင်းအင်အား ၂၅ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် မြိုနယ်ပါတီဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးတိုက တွေ့ဆုံပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ၊၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ၊ ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ စိုက်ပျိုးရေရရှိရေး၊ဓါတ်မြေသြဇာဝယ်ယူရာတွင် ဈေးနှုန်းမြင့်မားနေမှုအခြေအနေများ၊ First Time Voters များ နိုင်ငံသားစီစစ်ရေးကဒ်ရရှိရေးကိစ္စများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။





















