ဗဟိုအလုပ်အမှုဆောင်မိသားစု လမ်းခင်းရန်အတွက် ငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် သီရိပျံချီ ဦးစိုးနိုင်[ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၀၁၀-၂၀၁၅) ] မိသားစုမှ ပေးပို့လှူဒါန်းသော ဖျာပုံမြို့ ပိတောက်မြိုင်လမ်းနှင့် ရွှေဝါမြိုင် လမ်းခင်းရန်အတွက် ငွေကျပ် (၁၀) သိန်းအား တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်မောင် ထံသို့ ဇူလိုင်လ (၆) ရက်နေ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၃)ရက်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပါတီ၏ အသက်သည် စည်းရုံးရေးဖြစ်သဖြင့် စည်းရုံးရေးကို အဓိကထား ဆောင်ရွက် သွားကြရန် ပြောကြားပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနေ၀င်းဇော်က ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

ဟင်္သာတခရိုင် ပါတီမျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၆) ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်ရီက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးသန်းထွန်းနှင့် ဦးကျော်ဝင်းနိုင်တို့က ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ပါတီမျက်နှာစုံညီစည်းဝေး မြို့နယ်ကော်မတီဝင်များ ရွေးချယ်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၂၅ ရပ်ကွက် စည်ပင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီဝင် ရွေးကောက်ပွဲကို ဇူလိုင်လ (၆) ရက် နံနက် (၉) နာရီမိနစ် ၂ဝ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၅) ရက် နံနက် (၁၀) နာရီအချိန်က ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

13612350_402849113223555_6097192444890355590_n (more…)


မိတ္ထီလာတွင် ပါတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ဘဏ္ဍာရေးမှူး နေရာများ ပြန်လည်ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးနေရာများကိုယခုလ ၁ရက် နံနက် ၉ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပသည့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင် ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားတွင် ရွေးချယ် ပြီးစီးခဲ့ကြောင်း သိရသည်။

13533229_616408205195361_3572776001352482788_n

(more…)


မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ကျောင်းသား/သူများ အတွက် စာရေးကိရိယာများ လှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီအချိန်က မဘိမ်းမြို့နယ် လဝါရွာ အလကခွဲရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၃) ဦး၊ မူကြိုကျောင်းသား ကျောင်းသူ (၂၂) ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၅၇) ဒါဇင်နှင့် ဘောပင် (၁၈၃) ချောင်း တို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

Tike Kyi2

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇူလိုင်လ ၆ ရက်) နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီနာယက ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် ဦးဆွေအောင်၊ တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းနွယ်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးတင်ယုနှင့် ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူများကျန်းမာရေး အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေး

13567289_1643369765983997_865737070196046325_n 13615246_1643371499317157_1705995571159168385_n

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ အလင်းရောင် ဖောင်ဒေးရှင်းနှင့် ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်ကြီး များပူးပေါင်း၍ ဇူလိုင်လ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်မှစတင်၍ အမှတ် (၅၁) ရပ်ကွက်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဝေဒနာရှင်များ လာရောက်ဆေးကုသမှု ခံယူကြကြောင်း သိရသည်။ (more…)


ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ ပြန်လည်ရွေးချယ်ပြီးစီး

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကော်မတီဝင်စာရင်းကို ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၄)ရက်ပါ စာအမှတ်၊ ၁-၂/ ပြည်ခိုင်ဖြိုး/ ၂၀၁၆(၀၆၉) ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

13620883_402815339893599_8056381238048194564_n

(more…)