ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟန်းမြို့နယ်ရှိ တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၁ဝ နာရီတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟန်းမြို့နယ်ရှိ တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၁ဝ နာရီတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၁၆) ရက် နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ရပ်စည်း ရပ်/ကျေး ပ-ဒု စည်းမှူးများ၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီသည် ယခုလ ၁၆ ရက် နံနက် ၈နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၈၇/၆ တွင် သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအလေးပြုခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ယခုလ ၁၆ ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ မကွေးခရိုင်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီများ၊ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မကွေးခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရသည့် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ရာနှုန်းပြည့် ၅ဝ ခန့် တက်ရောက်ကြသည်။
ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ယနေ့ (ဇူလိုင်လ ၁၅ရက်) နံနက် (၁၀) နာရီ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုတို့မှ တတိယ အကြိမ် မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
၎င်းအခမ်းအနားတွင် ရွှေကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး လှူဘွယ်ဝတ္ထုအစုစုနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ တရားနာကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် ၁၊ အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၁၁) နာရီအချိန်က အထောင်မြို့ဝင် က.ပ.ရ ခန်းမ၌ အထောင်မြို့ပေါ် (၄) ရပ်ကွက်၊ မန်းကြာကျေးရွာအုပ်စု အပါအ၀င် (၅) အုပ်စုအတွင်းရှိ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ အမာခံ ကေဒါများ၊ ပါတီကို အားပေးထောက်ခံသူများနှင့် တွေ့ဆုံကာ မြို့နယ် မျက်နှာစုံညီအစည်းအဝေး နှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲ ပြီးဆုံးသည်နှဥ့် တပြေးညီ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ လက်ရှိ ဆောင်ရွက်နေမှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊ ရပ်/ကျေးပါတီအဆင့်ဆင့်မှလည်း အတူပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မြို့နယ်ပါတီမှလည်း လိုအပ်သည်များ ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ဟိုပင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင်လ (၁၄) ရက် နေ့လည် (၁) နာရီအချိန်က ပြန်လည် ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ မိုးညှင်းခရိုင် ပါတီ အမှုဆောင် ဦးတင်ဌေး၊ ဟိုပင်တွဲဘက်တာဝန်ခံ ဦးဌေးဝင်း (မိုးညှင်း လူငယ်ရေးရာတာဝန်ခံ) ဦးဖုန်းမြင့်၊ ဦနေမျိုးလင်းနှင့် ရပ်ကျေး(၁၂)အုပ်စုမှ ပ-ဒု ခေါင်ဆောင် လူငယ်အဖွဲ့ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၄) ရက် နေ့လည် (၂) နာရီအချိန်က ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Khin Maung Aye
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၉) နာရီအချိန်က ကွင်းကြီးကျေးရွာ အုပ်စုရှိ စည်းရုံးရေးမှူးများ၊ အမှုဆောင်များ၊ အမာခံကေဒါများနှင့် တွေ့ဆုံကာ ပါတီမျက်နှာစုံညီအစည်းရွေးပွဲအလွန် ပါတီ၏ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်း စဉ်များကို အသေးစိတ်တွေ့ဆုံ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။