ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမကြီးတွင် ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမကြီးတွင် ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ သြဂုတ်လ (၂၁) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် အထူးသန့်ရှင်းရေးလုပ်အားပေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်နှင့် ကော်မတီဝင် ဒေါ်အိအိဝင်း၊ ဦးရှိန်းထက်ခေါင် တို့သည် ယခုလ ၁၈ ရက် ညနေပိုင်းက မိမိပါတီမှဖွဲ့စည်းထားသော ‘မင်္ဂလာမြန်မာ’ အဖွဲ့နှင့်အတူ ဇလွန်မြို့နယ် ကော့ကပ်ကလေး ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ဓမ္မစကူးလ် သင်တန်းသို့သွားရောက်ပြီး မုန့်အာဟာရ ကျွေးမွေးလှူဒါန်းကြသည်။


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၁၆ ဩဂုတ်လ (၁၇)ရက်နေ့ ည (၁) နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ခ၀ဲကျေးရွာရှိ အိမ်ခြေ(၁၃)လုံးနှင့် စာသင်ကျောင်း သွပ်အမိုးများလန်ခဲ့ကြောင်း သိရှိရသဖြင့် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဩဂုတ်(၁၉)ရက်နေ့တွင် ခရွဲကျေးရွာ ဘုန်တော်ကြီးကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးသွားသော အိမ်(၁၃)လုံး၏ မိသားစုဝင်များအား ဆန်များ၊ စားသုံးဆီများနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ၂၁-၈-၂ဝ၁၆ နေ့မှာ ကျင်းပမည်ဆိုတာကို ပြည်ထောင်စုနေ့စဉ်မှာ ဖတ်လိုက်ရတယ်ခင်ဗျ။ ဒီသတင်း ကြားရတော့ စာရေးသူ ဝမ်းမြောက်ဝမ်းသာရှိခဲ့တယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုရပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ပြည်ခိုင်ဖြိုးအသင်းကြီး ကို အခြေခံပြီးဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အမျိုးသား နိုင်ငံရေး ပါတီကြီးဖြစ်တယ်။ပါတီဟာ လက်တွေ့ ကျပြီး မှန်ကန်တဲ့ မူဝါဒရှိတယ်ခင်ဗျ။ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ အမိနိုင်ငံ၏ပကတိအခြေအနေ နှင့်ဆီလျှော်အပ်စပ် လိုက်လျောညီထွေတဲ့လုပ်ငန်း စဉ်တွေ၊ သဘောထား တွေကို အခြေခံပြီး ဒီမိုက ရေစီပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူများနှင့် လက်တွဲဆောင်ရွက်မယ်လို့လည်း အဓိဋ္ဌာန်ပြုထားတာကို စာရေးသူတို့ လေ့လာသိရှိထားပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသို့ သြဂုတ် (၁၈) ရက်နေ့က အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နန်းရွှေဥနှင့် ခရိုင်အငယ်တန်းစာရေး ဒေါ်ရာခလေတို့သည် မိမိတို့ပါတီဝင် ကျေးရွာ၏ ကျန်းမာရေး စောင့်ရှောက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာမှ ကျား (၂၄) ဦး၊ မ (၃၅) ဦး၊ ကလေး (၃၆) ဦး၊ စုစုပေါင်း (၉၅) ဦးအား ဆေးကုသမှုပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို မှ ကျေးရွာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုရှိ သပြေပင်၊ ငှက်ရိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ဝေငှရန် မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျင်ရွှေ၊ ဦးမျိုးသီဟနှင့် နယ်မြေခံ စည်းရုံးရေးမှူး ဦးမြင့်လွင်တို့မှ ယနေ့ (သြဂုတ်လ ၁၉ ရက်) ကုန်တစ်တန်ရေတစ်တန် ခြေလျင်ခရီးကြမ်းဖြင့် ခရီးနှင်၍ သွားရောက်လှူဒါန်းပေးခဲ့ကြရာ ၎င်းကျေးရွာ လေးများမှာ အလှုရှင်အရောက်အပေါက်နည်းပြီး ယခုအကြိမ်သည် ၎င်းကျေးရွာများအတွက် ပထမဆုံး လာရောက်လှူဒါန်းသော အလှူရှင် များဖြစ်၍ အဆိုပါကျေးရွာမှ ရွာသူရွာသားများက ဝမ်းသာအားရ ပြောကြား ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရေဘေးဒုက္ခခံစားနေရသော ထန်းကုန်းကျေးရွာပြည်သူများထံသို့ သြဂုတ်လ (၁၈) ရက်နေ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ
သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
usdp Ayeyarwady Region News
ဒုတိယအကြိမ်ပါတီဗဟိုညီလာခံကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့သစ်ကလေးအုပ်စု အာလံ ဗိုလ်ကျေးရွာ မူလတန်းကျောင်း မူကြိုကျောင်း မြို့သစ်ကလေး မူကြိုကျောင်းများတွင် သြဂုတ်လ (၁၉) ရက် က ကျောင်းသားများအတွက် အာဟာရကျွေးမွေးခြင်း၊ ဗလာစာအုပ် (၁၀)ဒါဇင်နှင့် ခဲတံ (၅၁)ဒါဇင်ကို ခရိုင်ပါတီကော်မတီဝင် ဦးနေမျိုးလင်း၊ အရန်ကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဌေးဝင်း၊ ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ အရန်ကော်မတီဝင် ဦးမြဝင်း၊ ဒေါ်လင်းလင်းဝင်း၊ လူငယ်ခေါင်းဆောင် ဦးအောင်ကိုဝင် ဦးရန်အောင်ဝင်း၊ ဒေါ်မြမြဌေး၊ လူငယ်အဖွဲ့ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၆ဝ) ကျော် ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးကယ်ဆယ်ရေးအတွက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ ထောက်ပံ့လှူဒါန်းသော ပစ္စည်းများအား ရေဘေးဒုက္ခခံစားနေကြရသော တွန်ပလွန်ကျေးရွာအုပ်စု၊ အနန်းကုန်း ကျေးရွာနှင့် ကြောင်ပန်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ စုစုပေါင်း အိမ်ထောင်စု (၆၀၀)အား ဆန်၊ ခြောက်ဆွဲခြောက်၊ ငါးသေတ္တာများ အား သြဂုတ် (၁၇) ၇က်က ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်ကျော်၊နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးမင်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့များမှ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။