
ရမည်းသင်း စက်တင်ဘာ ၂၀
၂၀-၉-၂၀၂၃ ရက်နေ့ ၀၉:၀၀မှ၁၁:၀၀ အချိန်ထိ ရမည်းသင်းခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ရမည်းသင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လပတ်ပုံမှန် အစည်းအဝေးပြုလုပ်ခဲ့ရာ ရမည်းသင်းခရိုင်ပါတီ ကော်မတီဝင် ဦးဇော်ဝင်း၊ရမည်းသင်းမြိုနယ်ပါတီဥက္ကဌ ဦးဇော်ဝင်းနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဝင်းနှင့်မြိုနယ်ပါတီဥက္ကဌ ဦးဇော်ဝင်းတိုက ပြည့်မဏ္ဍိုင်လှုပ်ရှားမှုအား တစ်လတစ်ကြိမ် ဆောင်ရွက်သွားရန်၊မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ပါတီဝင်လျှောက်လွှာနှင့်တကွ ပါတီဝင်စာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေးအတွက် ဥက္ကဌနှင့်အဖွဲ၊ရုံးအဖွဲတိုမှ အစစ်ဆေးခံနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် First Time Voters လူငယ်များ အင်အား ၁၀၀အား ပါတီကော်မတီဝင်များမှ မိမိနယ်မြေအလိုက် စည်းရုံးသွားရန် ဆွေးနွေးခဲ့ပါသည်။














