ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းထွဋ်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစောမင်းထူးနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် စက်တင်ဘာ (၁၄) ရက် နံနက် (၈)နာရီအချိန်တွင် ထန်းတစ်ပင်အုပ်စု၊ ထန်းတစ်ပင်ကျေးရွာတွင် ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပြီး ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ များရှင်းလင်းခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အပြန် အလှန် ဆွေးနွေးခြင်း၊ ရပ်ကျေးပါတီဝင်များ၏ တင်ပြမှုများအား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။













