ပြည်ခိုင်ဖြိုးပါတီဌာနချုပ် တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီးမျက်နှာစုံညီအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်း ဒေသကြီး ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့်ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကို ယမန်နေ့နံနက် ၁ဝ နာရီက ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးသိန်းအောင်၊ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင်၊ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်တကွ ဖိတ်ကြားထားသောပြည်ခိုင် ဖြိုးပါတီဝင်ကိုယ်စားလှယ်များနှင့်အခြားဧည့်သည်တော်များအင်အား ၁ဝဝ ကျော်တက်ရောက်ခဲ့ကြသည်။
ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရေဘေးသင့် သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု အောင် ချမ်းသာကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် မြို့နယ်ပြည် ခိုင်ဖြိုးမှ ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ၉နာရီက ပေးအပ်ခဲ့ သည်။ ပြည်ခိုင်ဖြိုး မြို့နယ်ကော် မတီဝင် ပျဉ်ထောင်တွင်းအုပ်စု စည်းမှူးဦးဝင်းလှိုင်၊ ရုံးအဖွဲ့ဝင် စုစုပေါင်းအင်အား ၁၅ဦးတို့က ရေဘေးသင့်ခံရသူအိမ်ခြေ၃၂၆လုံး၊ လူဦးရေ ၄၆ဝ အတွက်ရေသန့်ဘူး များနှင့်မားမားခေါက်ဆွဲခြောက် ထုပ်များကို ရေဘေးကယ်ဆယ် ရေးစခန်းရှိရာ အောင်ချမ်းသာ ကျေးရွာရှိဘုန်းတော်ကြီးကျောင်း သို့သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမာရွတ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးထုမှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပသည်။
ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်တို့ကြီးမှူး၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဌာနချုပ်ရုံးပါတီဝင်လူငယ်များ ပရဟိတ အဖွဲ့ အာဟာရဒါနကျွေးမွေးလှူဒါန်း
နေပြည်တော် ဒက္ခိဏသီရိမြို့ နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ရုံးဝန် ထမ်း လူငယ်မောင်မယ်များက စု ပေါင်းဖွဲ့စည်းထားသော ပရဟိတ အကျိုးဆောင်အဖွဲ့မှ ယခုလ ၆ရက် မွန်းလွဲ ၁ နာရီတွင် ဇေယျာ သီရိမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ အမှတ်(၈၆)အခြေခံပညာမူလတန်း ကျောင်းသို့ အာဟာရဒါနကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါအာဟာရကျွေးမွေးရာ တွင် ပါတီဝင်ပရဟိတလူငယ် မောင်မယ်များနှင့် အမှတ်(၈၆) အခြေခံပညာမူလတန်းကျောင်း အုပ် ဆရာမကြီး ဒေါ်လှလှဝင်းနှင့် ဆရာဆရာမများက ကျောင်းသား ကျောင်းသူ ၁၇၁ ဦးအား အာဟာရ ဒါနအဖြစ် ပေါင်မုန့်နို့ဆမ်းများဖြင့် ကျွေးမွေးဒါနပြုကြကြောင်း သိရ သည်။ ထိုသို့ပရ ဟိတလူငယ် မောင်မယ်များတို့သည် ယခုအကြိမ် မှာ ဒုတိယအကြိမ် အာဟာရဒါန ပြုကြပြီး နောင်တွင်လည်း လစဉ် လတိုင်းဆက်လက်ဒါနပြုလှူဒါန်း မှုများဆက် လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အမှာစကားပြောကြား
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက်က ပါတီမျက်နှာစုံညီအစည်း အဝေးနှင့်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း ရေးအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသိန်းအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာ ပတိအဖွဲ့ဝင်များအဖြစ် ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး ပါတီနာယကဦးတင်စိုးတို့က ဆောင်ရွက် ခဲ့ကြပြီး ပထမဦးစွာ သဘာပတိကအဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ မျက်နှာ စုံညီအစည်းအဝေးသို့ အလှူရှင်များကအလှူငွေများ လှူဒါန်းခြင်း၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တိုင်းဒေသ ကြီး အတွင်းရှိ ပါတီကော် မတီဝင်များ၏သားသမီးများအား ဆုများ ချီးမြှင့်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များအား ဆုများချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။
ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တိုင်းဒေသကြီးပါတီ၏ ဦးဆောင်မှုဖြင့် သြဂုတ် ၆ ရက်မွန်းလွဲပိုင်းက ပြည်ခရိုင် ပြည်မြို့နယ် သဲဖြူကျေးရွာရှိ အိမ်ထောင်စု ၁၆၃စုမှ လူဦးရေ ၆၅ဝ ရှိ ရေဘေးသင့် ပြည်သူ များအား ဆန်၊ ဆီ၊ ငါး သေတ္တာဘူး၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဖယောင်း တိုင်နှင့် ဆေးပေါ့လိပ် တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ(ပဉ္စမနေ့)အဖြစ် အမရပူရမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီ
(၆.၈.၂၀၁၆)ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ အတွင်ရေးမှူး ဒေါ်စောမြိုင်နှင့်အဖွဲ့တို့သည် အမရပူရ မြို့နယ်၊ မှန်တန်းရပ်ကွက်အတွင်းရှိ ရေလွှမ်း မိုးမှု ဒဏ်ခံစားနေရသော ဆည်တဲရပ်၊ ဝါးတန်းမြောက်ရပ်၊ ဝါးတန်း တောင်ရပ်တို့ရှိ အိမ်ခြေ(၄၀၀)ကျော်အား ခေါက်ဆွဲထုပ်များ လက်ရောက်ပေးအပ် လှူဒါန်းခဲ့ ပါသည်။ မိမိတို့မြို့နယ် ပါတီအနေဖြင့် အမရပူရမြို့နယ်အတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ရပ်ကွက်/ကျေးရွာ အုပ်စု(၂၀)ခန့် သို့ သွားရောက်ထောက်ပံ့ ကူညီနိုင်ခဲ့ပြီး ကျန်ရှိသောရွာများသို့လည်း ဆက်လက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရှိရပါသည်။