






လှိုင်သာယာ စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြိုနယ်/မြိုနယ်ပါတီကော်မတီဝင်များသည်မသန်စွမ်းသူများတွေ့ဆုံပွဲနှင့်ပတ်သတ်၍လုပ်ငန်းညှိနှိင်းအစည်းအဝေးကိုတိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၏ညွှန်ကြားချက်အတိုင်းလှိင်သာယာမြိုနယ်ပါတီရုံးတွင်နံနက်(၁၀:၀၀)ချိန်မှ(၁၁:၄၅)ချိန်ထိခရိုင်အတွင်းရှိပါတီဝင်များနှင့်ပြုလုပ်ခဲ့သည်။အစည်းအဝေးတွင်အင်းစိန်ခရိုင်ပါတီဥက္ကဌဦးမင်းသူထွန်းမှလုပ်ငန်းစီမံချက်အတိုင်းဆပ်ကော်မတီဖွဲစည်းမှုအလိုက်အသေးစိတ်ဆောင်ရွက်ရမည်များကိုမှာကြားဖြည့်ဆည်းညှိနှိင်းဆောင်ရွက်တာဝန်ပေးအပ်ခဲ့သည်။ထိုနောက်ဌာနချုပ် ဒုတိယ ဥက္ကဌ အား တင်ပြနိုင်ရေးpower point ပြင်ဆင်ထားရှိမှုနှင့်တင်ပြချက်များအားအင်းစိန်မြိုနယ်ဥက္ကဌ၊လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်ဥက္ကဌနှင့်လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်ပါတီဝင်များကတင်ပြရာ တင်ပြချက်များကိုခရိုင်ဥက္ကဌကအသေးစိတ်စစ်ဆေးပြီးလိုအပ်ချက်အနည်းငယ်အားထပ်မံလမ်းညွှန်ပေးခဲ့သည်။ထိုနောက်အင်းစိန်ခရိုင်ဥက္ကဌသည်လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ် ဥက္ကဌ ဦးကြည်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များနှင့်အတူ မသန်စွမ်းသူများတွေ့ဆုံပွဲနေရာတွင်လှူဒါန်းရန်ပစ္စည်းများထားရှိမှုနှင့်တွေ့ဆုံပွဲနှင့်ပတ်သတ်၍လိုအပ်ချက်မရှိစေရေးအသေးစိတ်သွားရောက်ကြည့်ရှုခဲ့ကြသည်။
==========================
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြို့နယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များအပတ်စဉ်လုပ်ငန်းညှိနှိင်းအစည်းအဝေးနှင့်မသန်စွမ်းသူများတွေ့ဆုံပွဲအတွက် အသေးစိတ်ညှိနှိင်း အစည်းအဝေးပြုလုပ်








ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြိုနယ်ပြည်ခိုင်ဖြိုးပါတီပညာရေးထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ဝေါမြိုနယ် ပါတီရုံးအစည်းအဝေး ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊တိုင်းပါတီ အတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုးနှင့်ခရိုင်ပါတီကော်မတီဝင်များ၊မြိုနယ်ပါတီဥက္ကဋ္ဌဦးမောင်ယုနှင့် မြိုနယ်ပါတီကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊မြိုမိ/ မြိုဖများ ကျောင်းသား/ ကျောင်းသူ မိဘများ၊အလှူရှင်များ၊ ပါတီဝင်များတက်ရောက်ကြပြီး တိုင်းပါတီဥက္ကဌမှ နှုက်ခွန်းဆက်စကားပြောကြားခဲ့ပြီးကျောင်းသား/သူများအား ပညာကြိုးစားသင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များလူငယ်များ၏ လိုအပ်ချက်များအား တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများအားပညာသင်ထောက်ပံ့ ချီးမြှင့်ငွေ ကြေးများပေးအပ်ချီးမြှင့်ခဲ့သည်။

ရန်ကုန်တိုင်း၊ ဒဂုံတောင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ပါတီဝင်များမှ စ.ထ.ဟ ရပ်ကွက်၊ သုံးခွ ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်ရှိ ပါတီဝင်များ၊ ရပ်မိရပ်များနှင့် ယနေ့ နေ့လည် ၁ နာရီတွင် စ.ထ.ဟ ရပ်ကွက်တွင် စုစည်းကာ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဒဂုံမြိုသစ်ခရိုင်ဥက္ကဌ ဒေါ်စမ်းစမ်းဌေး ၏ လမ်းညွှန်မှာကြားချက်များကို မြိုနယ်ပါတီအတွင်းရေးမှူး ဦးမြင့်အောင်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် နယ်မြေတာဝန်ခံ ဦးသိန်းဇော်တိုမှ တက်ရောက်လာသော ရပ်မိရပ်ဖများနှင့် ပါတီဝင်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည့်မဏ္ဍိုင်၏ အခန်းကဏ္ဍကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
နေ့လည် ၂ နာရီနှင့် ၃၅ မိနစ်အချိန်တွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၁၁၊ ရန်ကုန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော ကိုယ်စားလှယ် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ချင်းဟိုင်ပြည်နယ်များသို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် လေယာဉ်အမှတ်၊ MU 2032 ဖြင့် ၁၀-၉-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆၁၀)အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
ထိုသို့ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ၊ ရန်ကုန်ရုံးခွဲ နိုင်ငံတကာရေးရာကော်မတီတာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။













