တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၂) ရက် နေ့လည် (၁) နာရီမှ (၃) နာရီအထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီခေါင်းဆောင်နှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၉၈) ဦး တက်ရောက်ခဲ့ကြသည်။
ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
နိုင်ငံတော်သမ္မတဦးသိန်းစိန် (ငြိမ်း) ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ ပေးအပ်သော အသက် ၁ဝဝ နှင့် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေကို စက်တင်ဘာ (၂၂) ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် ဘိုးဘွားများထံ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ ငလျင်သင့်ဘုရားစေတီများတွင် သန့်ရှင်းရေး ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ၏ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ် မှ လူငယ်အင်အား ၅ဝ ဖြင့် ပုဂံဒေသရှိ ငလျင်သင့် ဘုရားစေတီများကို ယခုလ ၁ ၇ရက်မှ ယမန်နေ့အထိ ငါးရက်ကြာ ဘုရား (၁၈) ဆူ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် ဇေယျာသီရိမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် စက်တင်ဘာလ (၂၂) ရက် နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနောင်နောင်နှင့် မြို့နယ်ကော်မတီဝင်များအား ဇေယျာသီရိမြို့နယ် ပြည်ခိုင် ဖြိုးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ဘီးလင်းမြို့နယ် အ.မ.က ကင်းရွာ (ကွက်သစ်) ကျောင်းသို့ အလှူငွေပေးအပ်
သထုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးကျော်မြင့်သည် ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့ နံနက်၁၁နာရီအချိန်တွင် မွန်ပြည်နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌမှ လှူဒါန်းသော အလှူငွေကျပ်( ၁ ) သိန်းနှင့် ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသည့် အလှူငွေ ၃သောင်းကျပ် စုစုပေါင်း ၁သိန်း၃သောင်းကျပ်ကို ဘီးလင်းမြို့နယ် ကင်းရွာကျေးရွာရှိ အ.မ.က ကင်းရွာ(ကွက်သစ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းလှထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ပြည်နယ်လူငယ်ရေးရာတာဝန်ခံမှ ခရိုင်နှင့်မြို့နယ် လူငယ်ရေးရာ တာဝန်ခံများနှင့် တွေ့ဆုံ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာတိုးတိုးအောင်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင် ၂ ခရိုင်နှင့် မြို့နယ် ၁၀မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများအား တွေ့ဆုံပြီး လူငယ်ရေးရာလုပ်ငန်းစဉ်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံ၊ ဆွေးနွေးပွဲသို့ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ကော်မတီ ဝင် ဦးသက်ထွေးမော်လမြိုင်ခရိုင်လူငယ်ရေးရာ တာဝန်ခံ၊ သထုံခရိုင်လူငယ်ရေးရာတာဝန်ခံနှင့် မွန်ပြည်နယ်( ၁၀ ) မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ တက်ရောက်ကြကြောင်းသိရှိရပါသည်။
ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာ ၂၀ ရက် ညနေ (၃) နာရီခွဲက စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပုဏ္ဏားကျွန်းမြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်အပါအဝင် ပြည်နယ် ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ၊ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ၊ ပုဏ္ဏားကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။
ကလောပြည်ခိုင်ဖြိုးပါတီ ကျေးရွာစာသင်ကျောင်းအတွက် ဗလာစာအုပ်များ လှူဒါန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌနှင့် မြို့နယ် ပါတီကော်မတီဝင်များမှ စက်တင်ဘာ (၂၁) ရက်က ကလောမြို့နယ်ရှိ ပတ္တူပေါက်ကျေးရွာနှင့် သူရဲကျေးရွာ ပြည်ခိုင်ဖြိုး ပါတီ စည်းရုံးရေးမှူးများနှင့်တွေ့ဆုံပြီး ထိုကျေးရွာနှစ်ရွာမှ စာသင်ကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Zaw Zaw Win (Kalaw)
ပုဂံဘုရားများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနပြုလုပ်
ကချင်ပြည်နယ် မိုးညှင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ယနေ့ (၂၂.၉.၂၀၁၆) ရက်နေ့တွင် ခရိုင်လူငယ် ဦးနေမျိုးလင်း၊ မြို့နယ်လူငယ် ဦးအောင်မိုးဦးဆောင်သော လူငယ်(၈၁)ဦးတို့သည် ပုဂံမြစည်းခုံစေတီတော် ဘုရားတွင် စတင်လုပ်အားပေးလျှက်ရှိကြောင်းသိရသည်။
Kachin Lion



