နေပြည်တော်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံပွဲကို တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၃၀) ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် စုစုပေါင်းအင်အား ၆ဝ ခန့် တက် ရောက်ခဲ့သည်။

ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

မင်္ဂလာတောင်ညွန့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်း အောင်နှင့်နယ်မြေတာဝန်ခံများသည် ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ရပ်ကွက်အမာခံပါတီဝင်များထံ ကွင်းဆင်း တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲက ထီးတန်းရပ်ကွက် အမာခံပါတီဝင်များအား မဟာဒုက် ဓမ္မာရုံတွင်တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

• အတိုက်အခံလုပ်ခြင်းသည် အစိုးရလုပ်သမျှကို ကန့်လန့်တိုက်ပြီး အတိုက်အခံလုပ်နေခြင်း မဟုတ်ဘူး။အမျိုးသားရေးအတွက် အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စမျိုးမှာ တိုင်းပြည်အတွက် ထိခိုက်နိုင်သည့် ကိစ္စမျိုးတွေ ကို ဝေဖန်ထောက်ပြခြင်းဖြစ်တယ်။ • ပူးပေါင်းဆောင်ရွက်ရေးဆိုသည်မှာ တိုင်းပြည်အတွက်၊ အမျိုးသားရေးအတွက် ကောင်းတာတွေ ၊တူ တာတွေ ပေါင်းလုပ်ကြ မယ်။မတူတာတွေကို ဘေးဖယ်ထားပြီး အမျိုးသားရေးကို သစ္စာ မဖောက် ဘူးဆိုရင် ပူးပေါင်းလုပ်ဖို့အသင့်ဘဲ။ • မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူးဆိုတာသမိုင်းမှာ မှတ်ကျောက်တင်လို့ရအောင် ကမ္ဘာ သိအောင် ပြောခဲ့ တယ်။ဒီအတိုင်းဆက်ရပ်တည်မယ်။ပြည်ခိုင်ဖြိုး အဲ့ဒီလမ်းကြောင်းပေါ်မှာ တစ်သွေမတိမ်းရပ် တည်မယ်။ဒါဟာ အမျိုးသားရေးကိစ္စဖြစ်တယ်။ သားစဉ်မြေးဆက်ကာလမှာ တိုင်းပြည်နောင်ရေး စိတ်ချရအောင် အဲ့ဒီအတိုင်းဘဲ ရပ်တည်မယ်။ •ယနေ့ စီးပွားရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိပါသလား။ အဲဒါနဲ့ နောက်ဆက်တွဲရှင်းလင်းပြတ်သားတဲ့မူဝါဒမရှိတဲ့အတွက် ဘယ်ကမှ အလုပ်လာလုပ်တာမရှိပါဘူး။ •လက်ရှိပြည်သူတို့ရဲ့လုံခြုံရေး အတော်ကြာက်စရာကောင်း နေပါပြီ၊ အမှုအခင်းကြီးတွေဖြစ်လာတယ်။ နေ့ခင်း ကြောင်တောင် အိမ်ပေါ်တက် အနုကြမ်းစီးတာတွေ၊ လမ်းလယ်ခေါင်၊ လူလယ်ခေါင်မှာဖြစ်တဲ့ပြစ်မှုတွေ အလွန်တရာများပြားလာပါပြီ၊ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ ဘာလုပ်ပေးနိုင်ပါသလဲ။


မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝရက်က ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီဝင်များအားလုံး အရည် အချင်းပြည့်ဝအောင် ကြိုးစားကြရန်၊ မိမိတို့ပါတီဝင်အင်အား ပိုမို ခိုင်မာအောင်လုပ်ကြရန်၊ ပါတီ ဝင်အားလည်း တစ်သားတည်းဖြစ် နေရန်လိုအပ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျိုင်းလပ်ဝေဿန္တရာအလှူပွဲသို့ တက်ရောက်ပါဝင်လှူါးန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက်(၃)၀မ်ကျင်း ၀မ်မိုင်ကျောင်းထိုင် ဆရာတော်နှင့် ဂေါပကအဖွဲ့တို့၏ ဖိတ်ကြားမှုဖြင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ထန်နှင့် ပါတီလူငယ် အဖွဲ့တို့သည် စက်တင်ဘာု (၃၀) ရက်နေ့က ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဝေဿန္တရာ အလှူပွဲသို့ တတ်ရောက်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပ

 

ယနေ့(၂၉-၉-၁၆)ရက်နေ့ ကြာသပတေးနေ့ နံနက်(၀၉၀၀)ချိန်မှ
စတင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို
ပါတီဥက္ကဌ ဦးသန်းဌေးနှင့်၊ဗဟိုအလုပ်အမှုဆောင်များ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပါတီ အသီးသီးမှ ဥက္ကဌ များအပါအ၀င် ကျင်းပသွားခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဌပြောကြားချက် မှ ကောက်နှုတ်ချက်မှာ-
(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့ပါတီဖြစ်၍
ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်ရန်။
(၂) လုံခြုံရေး ပြည်ထောင်စုအနာဂတ်အရေး တစ်မျိုးသားလုံး၏ လတ်တလော စီးပွားရေး
အခြေအနေများ မျက်ခြေမပြတ်လေ့လာသုံးသပ်ဆောင်ရွက်ရန်။
(၃) ယင်းအရေးကိစ္စများအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်ကကွပ်ကဲမှု အနည်းဆုံးဖြင့်
သွက်လက်စွာ ဆောင်ရွက်သွားကြရန်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန်ဖြန့်ဝေ

ပခုက္ကူခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း၏ ဦးဆောင်လမ်းညွန်းမှူဖြင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် (၈) နာရီ အချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရှိ လူစည်းကားရာ မြစ်ခြေ ပြည်သူဈေးနှင့် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမပေါ်တွင် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်မင်းထိုက် (yawminthar)၊ ဒေါ်ပိုပိုမြင့်၊ ဦးကံဦး၊ ဦးမောင်နိုင်၊ ဦးဝင်းဌေးမြင့်တို့ ဦးဆောင်သော ပါတီဝင်များ စုပေါင်းကာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန် ခရီးသွားပြည်သူများအား ဖြန့်ဝေခြင်းနှင့် မြစ်ခြေ ဈေးသို့ ဈေးရောင်းဈေးဝယ် လာရောက်ကြသော ပြည်သူများကို ဖြန့်ဝေခြင်းများကို နံနက် (၉) နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

သူစကား… သူ့အားမာန်

ကျွန်တော်တို့ပါတီက အမျိုးသားရေးလုပ်တယ်။ နိုင်ငံရေးဆိုလည်း အမျိုးသားနိုင်ငံရေးပဲ အဓိကထား လုပ်ကြတာပဲ။ ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်။ ပုဂံမှာ ကျွန်တော်တို့ ကလေးတွေဆိုလည်း ကြည့်… ပရဟိတလုပ်ငန်းတွေ လုပ်ကြတယ်။
ကောင်းတာလုပ်တာပဲ ဘာကိုမှ စောင့်နေစရာမလိုဘူး။ ကျွန်တော် ရောက်သွားတယ် ဘုရားပြင်ဖို့ တောင်းခိုင်းထားခဲ့တယ်။
တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့။ လွတ်လပ်စွာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဒါလေးတွေ ကျွန်တော်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ခွင့်ပြုထားပါတယ်။

ပခုက္ကူပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

မကွေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းတို့သည် စက်တင်ဘာလ (၂၉) ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီ များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပါတီကော်မတီများမှ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

# ရဲနိုင်