“ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် လှူဒါန်းငွေအား ဆင်ပေါင်ဝဲပြည်ခိုင်ဖြိုး သွားရောက် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ နိုင်ငံတော်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် အဖိုးအဖွားများ၏။ ကျန်းမာရေး၊ လူနေမှုဘဝ အဆင်ပြေစေရေး အထောက်အကူပြုစေရန် တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးး ဆင်ပေါင်ဝဲမြို့နယ် စစ္စေးချောင်းရွာမှ အဖွား ဒေါ်အေးမြိုင် (၁၀၁) နှစ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ (၃၁) ရက်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

မာန်အောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ သြဂုတ်လ (၃၁) ရက် နေ့လည်ပိုင်းက ပြည်နယ်ပါတီကော်မတီ ၀င်များ၊ အရန်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အရန်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ ပြည်နယ်ပါတီ၏ ညွန်ကြားချက်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြည်နယ် ပါတီ၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၂) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ပါတီဖွဲ့စည်းရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင် များသည် သြဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်တွင် တောင်ငူခရိုင်ပါတီရုံး၌ တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသော ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးမှ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ အသက် (၁ဝဝ) ပြည့်နှင့် အထက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” က လှူဒါန်းသော ထောက်ပံ့ငွေများကို သြဂုတ် (၃၀) ရက် နေ့က လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်ပါတီကော်မတီဝင် မိသားစုကို အားပေးကူညီထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော်မတီဝင်များသည် ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်ဒဏ် ကျခံနေရ သည့် တောင်ငူခရိုင် ပါတီကော်မတီဝင် ဦးလွင်မြင့် (နေကာရံ) ၏ မိသားစုဝင် များအား ကျွဲပွဲမြို့ အမှတ်( ၁ ) ရပ်ကွက် ခင်ကြီးနေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူများ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးပုံမှန် အစည်းအဝေးကို သြဂုတ်လ (၃၁) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ ဧရာဝတီတိုင်း ဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ပေးအပ်ပွဲကို သြဂုတ် (၃၀) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့ တက်ရောက်ချီြးှမှင့်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးပါတီ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့ (၃၀-၈-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ အဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

ဓနုဖြူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ (၃၁.၈.၂၀၁၆) နံနက် (၁၀) နာရီအချိန်က မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကျင်းပခဲ့သည်။

အစည်းအဝေးတွင် သြဂုတ် (၃၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးပါတီ တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် ဗဟိုနာယကအဖွဲ့ဝင် ဦးဌေးဦးနှင့် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်တို့၏ လမ်းညွှန်မှု
များ အား ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သောအဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ လေ့လာရေးထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၁ ဦးတို့သည် သြဂုတ်လ (၃၀) ရက် မွန်းလွဲ ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်လေဆိပ်မှ CHINA EASTERN B – 6143 လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

????????????????????????????????????

(more…)