ပြည်ခရိုင်ပါတီရုံးတွင် တောင်သူလယ်သမားရေးရာဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခုလ ၉ ရက် ည (၇) နာရီက ပါတီ ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ တောင်သူလယ်သမား ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

pyi

(more…)


မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တက်ရောက်ဆွေးနွေး

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ (၁၁) ရက် ညနေ (၄) နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ် ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ တက်ရောက်ဆွေးနွေးခဲ့သည်။

rak1
(more…)


ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဟင်္သာတခရိုင်အတွင်းရှိ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ

ဒေသအကျိုးပြုလုပ်ငန်းများ အရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ရန်နှင့် အတိတ်ကအမှားများကို သင်ခန်းစာ ယူကာ မိမိပါတီ အောင်နိုင်ရေးကိုစွမ်းအားမြှင့်တင် ဆောင်ရွက်နိုင်ရေးအပါအဝင် စည်းရုံးရေးရာ၊ စီမံရေးရာ ကဏ္ဍ များ ပေါင်းစပ်ညှိနှိုင်းနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံပွဲ ကို အောက်တိုဘာ (၁၁) ရက် နံနက် ၈ နာရီက ဟင်္သာတခရိုင်ပါတီရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည်။

14601016_202512773512484_8065425443725750292_n

(more…)


ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်ဝါဆိုသင်္ကန်းကပ်နှင့် ဓာတ်လှေကား တပ်ဆင်လှူဒါန်းခြင်း မင်္ဂလာသို့တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီသူရဦးအေးမြင့် သည် ယခုလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ မဟာသုန္ဒရာ ရာမကျောင်းတိုက် ငါးထပ်ကျောင်း ဆောင်၌ကျင်းပသည့် ရန်ကုန်မြို့နေ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာသာရင်မြတ် မိသားစု က မန္တလေးမြို့ ကျောင်းတိုက် အသီးသီးမှ ဝါဆိုသံဃာတော် အရှင်သူမြတ် ၃၈၈၉ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် ဓာတ်လှေကားတပ်ဆင် လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်သည်။

thura-u-aye-myint

(more…)


ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကျိုင်းလပ်မြို့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

14612381_683304808511751_7605230654991328917_o

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းသည် (၁၀-၁၀-၂၀၁၆) ရက်နေ့တွင် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ ဦးလုတေ၊ ပါတီအမျိုးသမီးအဖွဲ့ဝင် ဒေါ်နာလောဘိုတို့သည် ကက်သလစ်သာသနာဘုရားကျောင်းများသို့ အရိပ်ရချယ်ရီပန်းအလှပင် (၂၀၀) လှူဒါန်း ရန်နှင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကျိုင်းလပ်မြို့နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့သည်။ (more…)


သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအပတ်စဉ် အစည်းဝေး

thibaw3

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၁၀) ရက် နံနက် (၉) နာရီခွဲအချိန်က ခရိုင်ပါတီကော်မတီိဝင် ဦးအုန်းမောင်လေး၊  မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်အောင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှုး၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်  ရပ်ကွက်/ကျေးရွာမှ စည်းမှူးများ အစည်းဝေးပြုလုပ်ခဲ့ပြီး မြို့နယ်မှလုပ်ဆောင်ရမည့် ပါတီလမ်းညွှန်ချက်များ၊ ရပ်ကွက်များမှလည်း မိမိရပ်ကွက်တွင်း လှုပ်ရှားမှုများနှင့် ထပ်မံဆောင်ရွက်ရမည့်ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သံတွဲပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၁၆) ကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

viber-image

(more…)


မြိတ်မြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့ သင်္ကန်းနှင့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမိုးမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များလိုက်ပါလျက် အောက်တိုဘာလ (၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်မိသားစုတို့၏ ဥပုဒ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

14520586_309265349455660_3272433117045582544_n

(more…)


မိုးကောင်းပြည်ခိုင်ဖြိုးပါတီဝင်များ ဘုန်းတော်ကြီးကျောင်းဝင်းအတွင် ပေါင်းမြက်များ ရှင်းလင်း

14519903_153781405081434_6084390105751874464_n

ကချင်ပြည်နယ်၊  မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်စိုး၊ ဦးထွန်းဝေအောင် တို့ဦးဆောင်သော ပါတီဝင် ၂၀ ဦးသည် အောက်တိုဘာ (၁၀) ရက် နံနက် (၇) နာရီအချိန်မှ (၁၁) နာရီအချိန်အထိ နန့်ရင်းရပ်ကွက် သောင်ဦးဘုန်းကြီးကျောင်းဝင်းအတွင်း ပေါင်းမြက်များရှင်းလင်း၍ လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသည်။

# Tun Aung

ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

14572983_1271779179528562_7210017794048370055_n

ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ  ဦးစိုင်းသန်းဝင်း သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ သွားရောက်ခဲ့ပြီး မြို့နယ်များမှ ပါတီကော်မတီများနှင့် တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်းစဉ်များ ညှိနိုင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ် လွိုလင်ခရိုင်၊ နမ့်စန်၊ လွိုင်လင် စသည့် မြို့များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။