ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံ Globle Hope လူမှုအဖွဲ့အစည်းတို့ ပူပေါင်း၍ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုဝင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။













