ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းက အ.ထ.က(၂)ကျောင်းရှိ ကင်းထောက်လူငယ်များအား ကင်းထောက်ဝတ်စုံများ သွားရောက်လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းက အ.ထ.က(၂)ကျောင်းရှိ ကင်းထောက်လူငယ်များအား ကင်းထောက်ဝတ်စုံများ သွားရောက်လှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာလ(၂၄)ရက် နေ့လည် (၁:၃၀) နာရီက ခရိုင်ပါတီကော်မတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပါတီကော်မတီ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့် ဇနီး-ဒေါ်မြတ်ငွေ မိသားစုတို့ ထူထောင် ထားသော “မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း” မှ အောက်တိုဘာ (၂၆) ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ငါးရံ့ချောင်း၊ ဆင်ဖြူအင်း၊ အုတ်ဖိုကျေးရွာများရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များ သွားရောက် လှူဒါန်းရာ ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီများမှ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော အမျိုး သမီးရေးရာတွေ့ဆုံပွဲကို အောက်တိုဘာ (၂၄) ရက်က မြို့နယ်ပါတီရုံး ရွှေခြင်္သေ့ခန်းမ၌ ကျင်းပရာ မြို့ပေါ်(၄) ရပ်ကွက်မှ တက်ရောက်လာကြသော အမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့ (၉)ဖွဲ့ဖြင့် ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၂၂) ရက် (၁၅၀၀) နာရီအချိန်က ဗဟိုအလုပ်အမှုဆောင် စီးပွားရေးတာဝန်ခံ ဦးသူရိန်ဇော်နှင့် ပါတီဝင်များ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၅.၁၀.၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်းအတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့်နှုတ်ခွန်းဆက်ဆွေးနွေးကာ တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် နယ်မြေ(၁)တာဝန်ခံများသည် အောက်တိုဘာ (၂၂) ရက်က စက်ဒေါင့်ကြီးတိုက်နယ် မြဗိမာန်မဟာစည်သာသနာ့ရိပ်သာ မြဗိမာန်ကျောင်းထိုင်ဆရာတော်အား သွားရောက် ဖူးမျှော်၍ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နယ်မြေ(၁) ရပ်ကျေးစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘဲ့ညောင်ကုန်းအုပ်စု တောင်သူလယ်သမား အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်း(အရှေ့) ပြည်နယ်ကော်မတီဝင် ဦးဝီလ်ဆင်မိုး သည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ပါတီကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးသောင်းကျော်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်နှင့် ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၂၀) ဦးတို့နှင့်အတူ အောက်တိုဘာ (၂၂) ရက်က မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄)ရွာနှင့် ရွာအနီးရှိ ရွာများ၊ တာလေ မြို့နယ် ရန်အောင်ရွာနှင့် ရွာအနီးရှိရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံရန်နှင့် ကျေးရွာကောက်သစ်စားပွဲများသို့ တက်ရောက်ရန် သွားရောက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇင်မင်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် (၂၀.၁၀.၂၀၁၆)နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးသွားသော အိမ်ထောင်စု(၇)စု လူဦးရေ(၃၀)ဦးအတွက် ၎င်းတို့ ခေတ္တနေထိုင်သော စီးတော်မြင်းဝန်ကျောင်းတိုက်ရှိ မီးဘေးကယ်ဆယ်ရေးစခန်းသို့ အောက်တိုဘာ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က သွားရောက်၍ အလှူငွေ ၁၅၀၀၀၀ိ/-(တစ်သိန်းငါးသောင်းကျပ်) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီနာယက ဦးမောင်မောင်အုန်း (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးဇော်ဇော်မြင့် (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစန်းငွေနှင့် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန် တို့သည် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများ အကြမ်းဖက်မှုကြောင့် ဓညဝတီအားကစားကွင်းသို့ ယာယီခိုလှုံရန်ရောက်ရှိလာကြသော လူဦးရေ (၈၇၂) ဦး၊ အိမ်ထောင်စု (၂၇၁) စုအတွက် စုစုပေါင်း ထောက်ပံ့ လှူဒါန်းငွေ ကျပ် ၂၇၁ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ရာ ယာယီ ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံများဖြစ်ကြသော ဦးသာပွင့်၊ ဦးသန်းထွန်း၊ ဦးစိုးနိုင်တို့က လက်ခံရယူခဲ့ကြသည်။