ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး ၏ စီစဉ်ညွှန်ကြားမှုဖြင့် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ ကော်မတီမှ ဦးစီးဖွင့်လှစ်သော ဂီတသင်္ကေတအရေးအဖတ်နှင့် အခြေခံ ဂီတာတီး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို နိုဝင်ဘာ (၃၀) ရက် ညနေ ၅နာရီ အချိန်တွင် ခရိုင်ပါတီရုံး တိုးချဲ့ ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။



