ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် အထူးသာသနာပြုဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင် ၍ ပင်မစတုဒိသာအလှူရှင် ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် ပင်မစတုဒိသာအလှူရှင်များသည် ယခုလ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အလုပ်အမှုဆောင်များ၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ အလုပ်အမှုဆောင်များနှင့်အတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ဘုရားပုထိုးစေတီများမှ ဘုရားအမှတ်စဉ် ၂၂ဝ၂ တွင် လုပ်အားဒါနပြုနေကြသော ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၉ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂၇၁ ဦး တို့အား စတုဒိသာ (ဒံပေါက်) နှင့်အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။