မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၃) ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၃) ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

ကလေးသက်ငယ် မုဒိမ်းမှုများ ကို ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဟန့်တားနိုင်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကို မေးမြန်းရာတွင် ဗဟိုအတွင်းရေးမှူးက လွှတ်တော်တွင် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
မော်လမြိုင်မြို့၌ ဖွင့်လှစ်ထားရှိသော အမျိုးသားခေတ်သစ် သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအပါအဝင် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ သည် နိုဝင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းစိန်၊ အတွင်းရေးမှူး ဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခုလ (၂၅) ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့ရာ အင်အား ၆ဝ တက်ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နတ်တလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၈) နာရီက ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များက မြို့နယ်ပါတီ၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံ Globle Hope လူမှုအဖွဲ့အစည်းတို့ ပူပေါင်း၍ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုဝင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံး ရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို သပိတ်ကျင်းမြို့နယ်ပါတီရုံးတွင် နိုဝင်ဘာ (၂၂) ရက်နေ့က ကျင်းပပြုလုပ် ရာ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းနားကို ဖွင့်လှစ်ပေးခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာ လှုပ်ရှားမှုအနေဖြင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်ပါတီရုံးဝန်းအတွင်း ဒီဇင်ဘာလ (၂) ရက်နေ့မှစ၍ ပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၂၂) ရက် နေ့လည်(၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။


နိုဝင်ဘာ (၂၀) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကြကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် အတွင်းလူနာအဖြစ် တက်ရောက် နေသည့် သိန်းနီ ကောင်းဟော်အုပ်စု ဟိုတာကျေးရွာနေ ဦးစိုင်းထွန်းအေး အား ပြည်နယ်/ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ နိုဝင်ဘာ (၂၂) ရက် မွန်းလွဲ (၁၂း၁၅) အချိန်တွင် သွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားကာ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။