ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်လင်း သည် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့်အတူ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းက ကြံခင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စုဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီဝင်များအား တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံမှ ချမှတ်လိုက်သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အောက်ခြေပါတီများသို့တိုင် လိုက်လံရှင်းလင်း ဆွေးနွေးရခြင်းကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။