မိုင်းဆတ်ပြည်ခိုင်ဖြိုး လယ်ယာများ ပိုးသတ်ဆေးဖျန်းခြင်း တောင်သူ လယ်သများအား ပိုသတ်ဆေးဖြန့်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များသည် မိုင်းဆတ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့်အတူ စက်တင်ဘာလ (၂၆) ရက်က မိုင်းဆတ်မြို့နယ် ထူးဒေါ့ (၈)မိုင်ကျေးရွာ မှ လယ်ယာမြေ (စပါးခင်းများ) တွင် ရွက်လိပ်ပိုး၊ ရွက်ကပ်ပိုး၊ ကြက်သွန်မြိတ်ပိုးများ ကျရောက်နေသော လယ်ဧကပေါင်း (၂၀)ခန့်အား သွားရောက်ကြည့်ရှုပြီး လယ်ယာများ အား လက်တွေ့ ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်း၊ တောင်သူလယ်သမားများအား ပိုးသတ်ဆေးများ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပုဂံဒေသလုပ်အားပေး မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့အား မန္တလေးတိုင်းပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တွေ့ဆုံနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်း ဒေသကြီးပါတီ ဥက္ကဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့သို့ ရောက်ရှိနေကြသော မိုးညင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပုဂံဒေသ လုပ်အားပေး လူငယ်အဖွဲ့အား စက်တင်ဘာလ (၂၆) ရက် နေ့လည် (၂) နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီရုံးခန်းမ၌ တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၆) ရက်နေ့လည် ၁ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို တိုင်းပါတီ၏ညွှန်ကြားချက်အရ ခရမ်းမြို့နယ်ပါတီ မြို့နယ်အလုပ်အမှုဆောင် လိုအပ်ချက် ဖြည့်တင်းရန် ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးမျိုးဇော်ဦးနှင့် ဦးအောင်ကိုကိုဦး တို့အား မြို့နယ်အလုပ်အမှု ဆောင်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းရွာ မီးလင်းပြီ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တက်ရောက်ဖွင့်လှစ်ပေး

ပျော်ဘွယ်မြို့နယ် တောတွင်လှအုပ်စု အေးသန်းကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ ရွာမိရွာဖများနှင့် ကျေးရွာနေပြည်ျား တက်ရောက် ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇)နှစ်မြောက် အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် အဖွဲ့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang မှ တည်ခင်းဧည့်ခံသော ညစာစားပွဲ အခမ်းအနားကို (၂၆-၉-၂၀၁၆)ရက် (တနင်္လာနေ့) ညနေ (၆) နာရီအချိန်က နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဦးခင်ရီ၊ ဦးသောင်းအေး နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအဝေးပြုလုပ်

´
မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ကျိုက်ထိုပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ ရေးရာကော်မတီကိစ္စရပ်များအားဆွေးနွေးကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


မြစ်ကြီးနားမြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါကော်မတီနှင့် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ၊ ရှေ့ဆောင်စွမ်းအား လူမှုရေး အဖွဲ့ဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ (၂၃) ရက် နေ့လည်(၁) နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ပြည်ခိုင်ဖြိုးနာရေးကူညီမှု အသင်း (၁၆)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်ဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြိတ်တောင်နယ်ရပ်ကွက် ပြည်ခိုင်ဖြိုးနာရေးကူညီမှုအသင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို စင်တင်ဘာလ ၂၅ရက် နေ့လည် ၁း၃၀ အချိန်တွင် မြိတ်တောင်နယ်မြေ၊ ဘုရားကိုင် ကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပခဲ့သည်။

အခမ်းနားတွင် မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ နာရေးအသင်း၏ နာယက ၊မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဝင်းဆွေ နှင့် မြိတ်မြို့နယ်ပါတီ ဥက္ကဌ ဦးမိုးမြင့်က အသင်းကြီး ရေရှည် တည်တံ့ခိုင်မြဲစွာ ဆက်လက်ရပ်တည် ဆောင်ရွက်နိုင်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ကျိုင်းတုံမြို့နယ်ရှိ မူလတန်း၊ အလယ်တန်း ကျောင်းများ ဆောင်ရာတွင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ သွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ ဦးဆောင်ပြီး ပြည်နယ်ပါတီ ကော်မတီဝင် ဦးရှာမွေလရှဲန်၊ ဦးစိုင်းဟွမ်နွဲ့၊ ဦးစိုင်းတွီ၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် တို့သည် ကျိုင်းတုံခရိုင်ပါတီဥက္ကဌ ဦးစိုင်းတစ်ပ်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ထန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းဆမ် တို့နှင့်အတူ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာ မူလတန်းကျောင်းနှင့် အလယ်တန်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် လိုအပ်လျှက်ရှိသော ဘိလပ်မြေ (၅၀)အိတ်၊ ၇ ပေသွပ် (၆၀)ချပ်၊ ခေါင်အုပ်သွပ်(၁၆)ချပ်၊ သွပ်ရိုက်သံ (၁၀)ဘူး ကာလတန်ဘိုး ကျပ်(၄)သိန်း (၈)သောင်းတန် ပစ္စည်းများကို (အမက)ကျောင်း အတွက်လည်းကောင်း၊ (အလက)ကျောင်း ဆောက်လုပ်ရန် အတွက် တန်ဘိုးငွေ ကျပ် (၂)သိန်း၊ (၇)သောင်း (၅)ထောင်ရှိ ဘိလပ်မြေ (၅၀)အိတ် စုစုပေါင်း တန်ဘိုးငွေ ကျပ် (၇)သိန်း (၅)သောင်း(၅)ထောင်ရှိ ပစ္စည်းများအား စက်တင်ဘာလ (၂၃) ရက်နေ့က ပညာရေးအထောက်အကူပြု ကွင်းဆင်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွှေပြည်တော်သို့ဆုံမှတ်အဖွဲ့ဝင်များ ရှေးဟောင်းသမိုင်းဝင်စေတီများ သန့်ရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရေစကြိုမြို့ ဇယမအုပ်စု ဇယမကျေးရွာ အနီး ရှေးဟောင်းအမွေအနှစ် ငမွန်းကုန်း ရှေးဟောင်းသမိုင်းဝင် စေတီ (၁၀)ဆူအား ပြန်လည်ပြုပြင်ရန်အတွက် ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်တို့ ဦးဆောင်၍ ပခုက္ကူ၊ ရေစကြိုမြို့နယ် ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း အင်အား (၂၅၀)ဦးတို့မှ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၈) နာရီခွဲအိချိန်မှစ၍ အုတ်ကျိုးများ ရှင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို လုပ်အားဒါနပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။