ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာလ (၅) ရက် နံနက်(၁၀) နာရီ (၄၅)မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပါတီရုံး ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည့် ရွှေဘိုခရိုင်နှင့် ခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကာ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။

14520592_1147122298710080_283653795103206275_n

(more…)


ပြည်ခိုင်ဖြိုးပါတီကို အသရေပျက်စေရန် ရည်ရွယ်ပြီး ရေးသားထုတ်လွှင့်သူအား တိုင်ကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအကြီးအကဲများအပေါ် မမှန်မကန် ရေးသားထုတ်လွှင့်မှုတစ်ခုကို Moe Zaw Account မှ 2015 Demo Pa Yit Group လူမှုကွန်ယက်တွင် (၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁) ရက်နေ့ ရေးသား ဖေါ်ပြခဲ့ကြောင်း အထောက်အထားများအရ တွေ့ရှိရသဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဟုတ်မမှန် ရေးသား ဖြန့်ချီသူ Moe Zaw ဆိုသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ ထားကြောင်း သိရှိရပါသည်။

14469624_437696809738785_1212332170618317565_n

(more…)


ရေဖြူမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းတာဝန်ခွဲဝေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီရုံး၌ အောက်တို ဘာလ (၅) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး နယ်မြေများ ခွဲဝေသတ်မှတ်တာဝန်ပေးအပ်၍ ပါတီရေးရာလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကိုပြုလုပ်ခဲ့သည်။

ray-phyu

(more…)


ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဝင်များ ပုဂံရှေးဟောင်းနယ်မြေရှိ စေတီနှစ်ဆူအား စုပေါင်းသန့်ရှင်းရေး လုပ်အား ဒါနများဖြင့် ကုသိုလ်ယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီုးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်တိုဘာလ (၅) ရက် နံနက်(၈း၃၀) အချိန်ခန့်မှစတင်ကာ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များနှင့်အတူ ရှေးဟောင်းစေတီ နှစ်ဆူအား ပါတီဝင် စုစုပေါင်း အင်အား (၄၄၀) ကျော်တို့ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနများ ပြုလုပ်ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြပါသည်။

14604872_178486365927655_9143885191721002429_n

(more…)


ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဝင်များမှ ပြုပြင်လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အနေကဇာတင် အခမ်းအနားကျင်းပ

ပုဂံပြည်ရှင် အနော်ရထာမင်း၊ ကျန်စစ်သားမင်းနှင့် မူလအလှူရှင်များအား ဦးထိပ်ထား၍  ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်အတွင်းရှိ (၈)မြို့နယ် ပါတီကော်မတီများနှင့် ပါတီဝင်များမှ ပြုပြင် လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အား အနေကဇာတင် အခမ်းအနားကို အောက်တိုဘာလ (၅) နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

14570748_180501609024156_4404492187384604126_o

(more…)


ကျွန်းစုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေး (၁/၂၀၁၆) သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ် သည့် “စွမ်းရည်​မြှင့်တင်ရေး” သင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာလ (၅)ရက် နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ရှိ တိုင်းပါတီတွင် ပြုလုပ်ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းလွင်နှင့် မြိတ်ခရိုင် ပါတီဥက္ကဌ ဦးဝင်းဆွေ တို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးက စွမ်းရည်​ မြှင့်တင်ရေးသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

14590396_307056796343182_2770573258732924075_n

(more…)


လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီကာကွယ်ဆေးတိုက်ကျွေးနေမှုသွားရောက်အားပေး

under-5-years-old

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် (၉) နာရီခွဲက ဒေါပေါ်ကလဲ ကျေးရွာအုပ်စု ထေးငှားလျားစံပြ ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ငါးနှစ်အောက်ကလေးသူငယ်များအား ကာကွယ်ဆေးတိုက်ကျွေးနေမှုကို သွားရောက်ကြည့်ရှု အားပေး ခဲ့ကြပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်များနှင့် ကလေးမိခင်များကို ဆပ်ပြာမှုန့်များ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ပြည်နယ်လူငယ်ဖိုရမ်ဖြစ်မြောက်ရေး ပြည်ခိုင်ဖြိုးပါတီမှ ကူညီဖြည့်ဆည်း

အောက်တိုဘာလ ၁၉-၂၀ ရက်နေ့တွင် မင်းပြားမြို့အခြေစိုက် Arakan Youth Forum (ရခိုင်ပြည်နယ်ရုံး) မှ ကျင်းပပြုလုပ်မည့် ပြည်နယ်လူငယ်ဖိုရမ် ဖြစ်မြောက်ရေး အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ထောက်ပံ့ငွေ ဆယ်သိန်းကျပ်ကို ပေးအပ်ပွဲကို အောက်တိုဘာ (၅) ရက် နေ့လည် (၂) နာရီက ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး ဥက္ကဋ္ဌခန်းမအတွင်း၌ ပြုလုပ်ခဲ့သည်။

nay-cho-thway2

(more…)


ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ငွေတော် ကျီကုန်းရပ်ကွက် မင်္ဂလာကန် ဘေးဝန်းကျင်တွင် အောက်တိုဘာလ (၅) ရက် နံနက် ၈နာရီက ကျင်းပခဲ့သည်။

pyi-gyi-tagon (more…)


ဇလွန်ပြည်ခိုင်ဖြိုးပါတီ ဒေသခံတောင်သူလယ်သမား အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲနှင့် တံစဉ်များ ပေးအပ် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေသခံ တောင်သူလယ်သမားအလုပ်သမားများ တွေ့ဆုံပွဲနှင့် စပါးရိတ်သိမ်းရန် တံစဉ်များ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ (၄) ရက် မွန်းလွဲပိုင်းက ကျုံရှတိုက်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

zalon

(more…)